လိုအပ်ချက်တွေ ထောက်ပြပေးတဲ့အခါတိုင်း ပြင်ဆင်သွားဖို့ အသင့်ပါပဲလို့ ဆိုလိုက်တဲ့ Miss Myanmar World 2015 ဆုရှင် ခင်ရတနာသိန်းမြင့်နဲ့ တွေ့ဆုံခြင်း


Miss တစ်ယောက်ဖြစ်ချင်တဲ့ ဆန္ဒကို အရင်းခံပြီး မန္တလေးကနေ ရန်ကုန်ထိ လာရောက်ယှဉ်ပြိုင်ခဲ့တဲ့ ခင်ရတနာသိန်းမြင့်ဟာ ခုဆိုရင် Miss Myanmar World 2015 winner ဆုကို ရရှိဆွတ်ခူးသွားခဲ့ပြီမို့ သူမနဲ့တွေ့ဆုံပြီး သိချင်တာတွေကို မေးမြန်းကြည့်လိုက်တဲ့အခါ
-Miss Myanmar World 2015 ကို ၀င်ရောက်ယှဉ်ပြိုင်ဖြစ်ခဲ့ပုံလေးကို အရင်ပြောပြပေးပါဦး။
ကျွန်တော်က Miss Myanmar World ပြိုင်ပွဲကို ရှေ့နှစ် ပထမဆုံးပြိုင်ပွဲကတည်းက ပြိုင်ချင်ခဲ့တာပါ။ ဒါပေမဲ့ အကြောင်းအမျိုးမျိုးကြောင့် မပြိုင်ဖြစ်လိုက်တဲ့အတွက် နောင်နှစ်တော့ သေချာပေါက်ပြိုင်မယ် ဆိုပြီး Miss Myanmar World ရဲ့ ဖေ့စ်ဘုတ် page ကိုလဲ like လုပ်ထားတယ်။ သူတို့ဖောင်တွေ လက်ခံတယ်ဆိုတဲ့ သတင်းတင်ထားတာတွေ့တော့မှ မန္တလေးကနေ ရန်ကုန်ဆင်းလာပြီး ဖောင်လာတင်ရင်းနဲ့ ဒီနှစ်မှ ပြိုင်ဖြစ်တာပေါ့နော်။
-ပြိုင်ပွဲအဆင့်ဆင့်မှာရော ဘယ်လိုမျိုးကြိုးစားခဲ့ရလဲ။
Miss Myanmar World ပြိုင်ပွဲက ၂လလောက်တော့ကြာတယ်။ ဆန်ကာတင် ရွေးတော့လဲ အဆင့်ဆင့်ပေါ့။ ၄၀ ကနေ ၂၀ ၊ အဲ့ဒီ ၂၀ လုံးအတူတူ Activities တွေ လုပ်တယ်။ နောက်ဆုံးမှ ၃ ယောက်ထဲ ကို ပြန်ရွေးတာပေါ့နော်။ ပြိုင်ပွဲဝင်နေစဉ် အတွင်းမှာ သူငယ်ချင်း ညီအစ်မတွေအတူတူ Activities တွေ အတူတူလုပ်တယ်။ ပြိုင်ပွဲကိုလဲ အကောင်းဆုံးကြိုးစားကြမယ် ဆိုပြီး အတူတူ ကြိုးစားရင်း အချိန်တွေကို ကုန်ဆုံးခဲ့တာပါ။
-မပြိုင်ခင်ကတည်းကရော ဒီဆုရကို ရရ မယ်ဆိုတဲ့စိတ်နဲ့ယှဉ်ပြိုင်ခဲ့တာလား။
ဆုရရမယ်ဆိုပြီးတော့ မစဉ်းစားထားပါဘူး။ ဒါပေမဲ့ ဒီပြိုင်ပွဲကို အကောင်းဆုံးနဲ့တတ်နိုင်သလောက်ကြိုးစားသွားမယ်။ နောက်ဆုံး ဖိုင်နယ်မှာလဲ လမ်းလျှောက်တာကအစ အတတ်နိုင်ဆုံး အမှားအယွင်းမရှိအောင် ကြိုးစားသွားမယ်ဆိုတဲ့ စိတ်တော့ရှိတယ်။ ရလာတဲ့ ရလာဒ်ပေါ်မှာလဲ ကျေနပ်နိုင်ရမယ်ဆိုတဲ့ စိတ်နဲ့ပဲ ၀င်ရောက်ယှဉ်ပြိုင်ခဲ့တာပါ။
-သွားပြိုင်ရမှာကရော ဘယ်နှစ်လပိုင်း ၊ ဘယ်နိုင်ငံမှာဖြစ်မလဲ။
ဒီဇင်ဘာလ ၊ တရုတ်မှာ သွားပြိုင်ရမှာပါ။ ဒီကြားထဲမှာက ထရိန်နင်တွေတော့ ရှိတယ်။ ဒီဇင်ဘာမှဆိုတော့ အချိန်တော့ပိုရတာပေါ့။
-ဒီလို အနေအထားထိရောက်လာအောင် အဓိက ကူညီပံ့ပိုးပေးတဲ့သူတွေက ဘယ်သူတွေဖြစ်မလဲ။
ပွဲစဉ်တစ်လျှောက်လုံးမှာဆိုရင် ကူညီပံ့ပိုးပေးတဲ့သူတွေက အများကြီးပဲပေါ့နော်။ အဓိက ကတော့ အဖေနဲ့အမေ က အရမ်းပံ့ပိုးပေးတယ်။ ကျွန်တော်က နယ်ကဆိုတော့ ရန်ကုန်မှာရှိတဲ့ အမေ့အမက သူတို့အိမ်မှာသွားနေတဲ့အတွက် အစစအရာရာ ပံ့ပိုးပေးတယ်။ နောက်ပြီး မန္တလေးက ပရိသတ်တွေ၊ သူငယ်ချင်းတွေကလဲ အားပေးကြတယ်။ နောက် မန္တလေးက ဒီဇိုင်နာအမတွေ၊ နောက်ပြီး Organization ကလဲ အစစအရာရာ ဂရုစိုက်ပါတယ်။
-ရရှိခဲ့တဲ့ ဆုလေးတွေကိုလဲ ပြောပြပေးပါဦး။
ကျွန်တော်ကခု Miss Myanmar World winner ဆုရတယ်။ Air Asia ကပေးတဲ့ Miss Personality ဆုကိုလဲ ရရှိခဲ့ပါတယ်။
-အရင်ကရော တခြားပြိုင်ပွဲတွေဝင်ပြိုင်ဖူးသေးလား။
အရှေ့နှစ်ကတော့ Miss Myanmar International 2014 မှာ ၀င်ပြိုင်ဖူးပါတယ်။ အဲ့ဒီပွဲတုန်းကတော့ top 4 ထိပါခဲ့ပါတယ်။ နောက်ဒီနှစ်ပွဲက ဒုတိယမြောက်ပွဲပေါ့။
-မော်လ်ဒယ်တစ်ယောက် မဟုတ်တဲ့အတွက် အခြားအခက်အခဲတွေအနေနဲ့ရော ဘာတွေတွေ့ရသေးလဲ။
ကျွန်တော်က ဒီလောကထဲက မဟုတ်ဘူး။ အစကတည်းက ကျွန်တော်က Miss တစ်ယောက်ပဲဖြစ်ချင်ခဲ့တာ။ အဲ့ဒါကြောင့် ၀င်ပြိုင်တယ်။ ဆုရတယ်။ ဗဟုသုတအနေနဲ့ဆိုရင် Activities မှာ ဖူးခတ်သွားရတဲ့ ခရီးစဉ်ပါတယ်။ အဲ့ဒီခရီးစဉ် အတွေ့အကြုံ့ရတယ်။ သူငယ်ချင်းအသစ်တွေနဲ့အများကြီး သွားရတာဆိုတော့ teamwork ပေါ့။ လူမှုဆက်ဆံရေးနဲ့ပတ်သက်တဲ့ အတွေ့အကြုံသစ်တွေ အများကြီးရပါတယ်။
-အဲ့ဒါဆို Miss သီးသန့်ပဲဖြစ်ချင်တာပေါ့။ သရုပ်ဆောင်ဖက်ကို ကူးဖို့စိတ်ကူးမရှိဘူးပေါ့။
အခုလောလောဆယ်မှာက သရုပ်ဆောင်လိုင်းကို ကူးဖို့အတွက် အစီအစဉ် အဆင်သင့် မရှိသေးပါဘူး။ ဒါပေမဲ့ Miss နဲ့ပတ်သက်တဲ့ပွဲတွေ သွားတာတို့၊ Organization ရဲ့ တချို့အလုပ်တွေတော့ လုပ်ပေးဖို့ရှိပါတယ်။
-တရုတ် မှာသွားပြိုင်ဖို့အတွက်ရော ဘယ်လို ရင်ခုန်မှုရှိနေလဲ။
သွားပြိုင်ရမဲ့ ပြိုင်ပွဲအတွက်တော့ အကောင်းဆုံးကြိုးစားသွားဖို့ပဲစိတ်ကူးရှိပါတယ်။
-ပရဟိတနဲ့ပတ်သက်ပြီးတော့ရော ဘယ်လိုမျိုးလေး လုပ်ဆောင်သွားဖို့ရှိလဲ။
ပရဟိတအပိုင်းမှာတော့ လုပ်ဆောင်ဖို့တွေအများကြီးရှိပါတယ် ။ အစီအစဉ်တွေ အများကြီးရှိပါတယ်။ တစ်ယောက်တည်းလဲ လုပ်သွားဖို့ရှိတယ်။ Organization နဲ့လဲ တွဲဖက်ပြီးလုပ်သွားဖို့ရှိပါတယ်။ ပရဟိတပိုင်းနဲ့ပတ်သက်ပြီး ကျွန်တော်ကတော့ လူတိုင်း စာတတ်မြောက်ရေး အဲ့ဒါကိုတော့ အဓိက လုပ်ချင်တယ်။ ကလေးတွေ လူတိုင်းကိုတော်တော်များများပေါ့။ စာဖတ်စေချင်တယ်။ စာကြည့်တိုက်တွေမှာ စာအုပ်လှူဒါန်းတာ၊ ကျေးရွာတွေမှာ ကိုယ်ပိုင်စာကြည့်တိုက်လေးတွေလဲ ထူထောင်ပေးချင်ပါတယ်။ ရတဲ့ ဆုကြေးငွေတွေကိုလဲ လှူဖို့အစီအစဉ်ရှိပါတယ်။ အတိအကျတော့ မပြောတတ်သေးပါဘူး။
-ပြိုင်ပွဲယှဉ်ပြိုင်နေစဉ် တစ်လျှောက် ကိုယ့်စိတ်ဓာတ်ကိုရော ဘယ်လိုမျိုးထားပြီးကြိုးစား ယှဉ်ပြိုင်ခဲ့ရလဲ။
ပွဲစဉ်တစ်လျှောက်မှာတော့ အားလုံးက အားပေးကြပါတယ်။ ဘာလို့လဲဆိုတော့ အားလုံးထဲမှာ မန္တလေးက ကျွန်တော်တစ်ယောက်တည်း ပါတယ်။ အရမ်းအားပေးကြတယ်။ ဆွေမျိုးတွေကလဲ အားပေးကြတယ်။ သူငယ်ချင်းတွေကလဲ အားပေးကြတယ်။ ဝေဖန်မှုတွေကတော့ သိပ်မရှိပါဘူး။ ဒါပေမဲ့ ဝေဖန်မှုတွေကိုလဲ လက်ခံပါတယ်။ လိုအပ်ချက်၊ အားနည်းချက်တွေကို ထောက်ပြနိုင်ပါတယ်။ ပြင်ဆင်ဖို့လဲ အဆင်သင့်ပါပဲ။
-အားပေးနေတဲ့ ပရိသတ်တွေကိုရော ဘာများပြောချင်သေးလဲ။
အကောင်းဆုံးကြိုးစားသွားမှာဖြစ်တဲ့အတွက်ကြောင့် ပရိသတ်ကြီးအားပေးပါဦးလို့။ ပရိသတ်အားပေးတဲ့ အားပေးမှုကလဲ တကယ့်ကို ခွန်အားဖြစ်စေပါတယ်လို့ပြောချင်ပါတယ်။
Source:trend.com.mm
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment