လွှတ်တော်အတွင်းက တပ်မတော်သား ကိုယ်စားလှယ်ကြီးများသည် လူထုကိုအထင်သေးကြောင်း NLD အမတ် ဒေါ်စန္ဒာမင်းပြောကြား



ပြည်ထောင်စုလွှတ်တော်တွင် တပ်မတော်သားကိုယ်စားလှယ်တစ်ဦး တင်ပြခဲ့သည့် နိုင်ငံသားများ၏ အသိပညာနှင့် တန်ဖိုးထားမှုစစ်တမ်းအရ ဒီမိုကရေစီ၏ အဓိပ္ပါယ်ကိုသိသူ ၃%၊ မဏ္ဍိုင် ၃ ရပ်ကို မှန်ကန်စွာဖြေကြားနိုင်သူ ၁၄%၊ ဥပဒေပြုရေးကိုသိသူ ၃%၊ တရားစီရင်ရေး တွင် ၂% သာရှိသည်ဟု တင်ပြခဲ့ကြောင်း ယင်းရာခိုင်နှုန်းများသည်လူထုကိုအထင်သေးသည်ဟုထင်မြင်ကြောင်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်စန္ဒာမင်းက ဇူလိုင် ၈ ရက်ပြည်ထောင်စုလွှတ်တော်တွင် ဖွဲ့စည်းပုံပြင်ဆင်ရေးနှင့် ပတ်သက်၍ ဆွေးနွေးရာတွင် ထည့်သွင်းပြောဆိုခဲ့သည်။

“ဒီစစ်တမ်းကို ဘယ်လိုပုံစံနဲ့ ကောက်ခဲ့တာလဲ။ ပြည်သူတွေနားလည်အောင် ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးပြီးမှ ဒီစစ်တမ်းကို ကောက်ခဲ့တာလား။ ဒါဆိုရင် ကျွန်မတို့ ပြည်သူတွေ ဘာကြောင့်ဒီလောက် နှစ်ပေါင်းကြာရှည်စွာ အသိပညာနိမ့်ကျခဲ့ရတာလဲ၊ ဘယ်သူ့မှာ တာဝန်ရှိတာ လဲဆို တာ မေးစရာဖြစ်လာပါတယ်။ သို့သော်လည်း အံ့သြစရာကောင်းတာက ဒီလောက်အသိပညာနိမ့်ကျနေရင်းကနေ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကြီးကို ထောက်ခံသော ရာခိုင်နှုန်းမှာ ၉၂.၄ % ရရှိခဲ့တယ် ဆိုတာ မေးခွန်းထုတ်စရာဖြစ်ခဲ့ရပါတယ်။”ဟု ဒေါ်စန္ဒာမင်းက ပြောသည်။

ထို့အတူ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် ဖွဲ့စည်းပုံအခြေခံဥပဒေ ကို ပြောင်းလဲရန် ၊ ၄၃၆ ကို ပြင်ဆင်နိုင်ရန် ပြည်သူများ သိအောင် Website များ ထောင်ခဲ့ကြောင်း ၊ကြေညာချက်များထုတ်၊ ပညာပေးလုပ်ငန်း များ ကို ၈၈ ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း အဖွဲ့နှင့် ပူးပေါင်းကာ တစ်စိုက်မတ်မတ် လုပ်ဆောင်ခဲ့သည်ဟုလည်း ၎င်းကဆိုသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေ ၂၀၀၈ ၏ နောက်ဆက်တွဲဇယားများ ၂၊ ၃၊ ၅ ကို ပြင်ဆင်ရခြင်းမှာ တိုင်းရင်းသားများ၏ အကျိုးအ တွက် ရှေ့ရှု၍ကို ထောက်ခံဆွေးနွေးရခြင်းဖြစ်ကြောင်း၎င်းက ထည့်သွင်းပြောဆိုခဲ့သည်။

သတင်း - ဇော်မင်းထွန်း
The Ladies News Journal
https://www.facebook.com/News.TheLadies
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment