အသက် ၂၄နှစ်အရွယ် ဂျပန်တက္ကသိုလ်က ကျောင်းသား Ikki Kotsugaiဟာ အသက် ၄၂နှစ်အရွယ် အမျိုးသားရဲ့ လိင်အင်္ဂါကို မြက်ညှပ်ကတ်ကြေးနဲ့ ဖြတ်တောက်ပြီး အိမ်သာထဲ ပစ်ထည့်ကာ ရေဆွဲချခဲ့တယ်လို့ People နဲ့ အခြားသော သတင်းဌာနတွေက ရေးသားဖော်ပြခဲ့ကြပါတယ်။
တာဝန်ရှိရဲတွေရဲ့ အဆိုအရ တက္ကသိုလ်ကျောင်းသားလည်း ဖြစ်သလို လက်ဝှေ့သမားလည်းဖြစ်တဲ့ Kotsugai ဟာ သူ့အမျိုးသမီးနဲ့ ဇာတ်လမ်းရှုပ်ထားတဲ့ အသက် ၄၂နှစ်အရွယ် အမျိုးသားကို လက်စားချေဖို့ အခွင့်အရေးကို ရှာနေတာဖြစ်ပြီး သူတို့နှစ်ဦးဆုံဖြစ်တဲ့ ရုံးခန်းတစ်ခုအတွင်းမှာ ရုန်းရင်းဆန်ခတ်တွေဖြစ်ကာ ခုလို တစ်ဖက်အမျိုးသားရဲ့ အင်္ဂါကိုဖြတ် အိမ်သာထဲ ပစ်ထည့်ပြီး ရေဆွဲချခဲ့တာဖြစ်ပါတယ်တဲ့။
ခုလို လိင်အင်္ဂါအဖြတ်ခံခဲ့ရတဲ့ အမျိုးသားရဲ့ ဆိုးရွားတဲ့အခြေအနေကနေ ပြန်ကောင်းလာနိုင်မလား၊ ပြန်မကောင်းတော့ဘူးလားဆိုတာကတော့ စောင့်ကြည့်ရဦးမှာပါ။
Ref:cosmopolitan
Source:trend.com.mm
0 comments:
Post a Comment