အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ရွေးကောက်ပွဲ ဆိုင်ရာ အသိပညာပေး နောက်ဆုံးအကြိမ် အများပြည်သူနှင့် သက်ဆိုင်သည့် ဟောပြောပွဲ သန်လျင်မြို့၌ ကျင်းပမည်
ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်တောင်ပိုင်းခရိုင် သန်လျင်မြို့နယ် တောင်ပိုင်းခရိုင်ကိုယ်စားပြု အမျိုးသားဒီမိုက ရေစီအဖွဲ့ချုပ် ဥက္ကဌ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က အများပြည်သူနှင့် သက်ဆိုင်သည့် ရွေးကောက်ပွဲ ဆိုင်ရာ အသိပညာပေး နောက်ဆုံး အကြိမ်ဟောပြောပွဲ သြဂုတ်လ(၂၁)ရက်နေ့တွင် သန်လျင်မြို့နယ် အာဇာနည်ကျောက် တိုင်ဝင်း၌ အစီအစဉ် နှစ်ရပ်ဖြစ် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
အဆိုပါ အခမ်းအနား ပထမပိုင်းအစီအစဉ်ကို နေ့လည်(၁၂)နာရီအချိန်တွင် တက်ရောက်လာသော အများပြည် သူအား နိုင်ငံကျော်တေးသံရှင်များက တေးသီးများဖြင့် သီဆိုဖျော်ဖြည့်ဧည့်ခံသွားမည်ဖြစ်ကြောင်း သိရသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ဒုတိယပိုင်းအစီအစဉ်ဖြင့် ညနေ(၃)နာရီအချိန်တိတိတွင် ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေး နောက်ဆုံးအကြိမ် အများပြည်သူနှင့် သက်ဆိုင်သည့် အကြောင်းအရာများနှင့်စပ်လျဉ်းပြီး ပြောင်းလဲချိန်တန်ပြီ အမှန်တကယ်ပြောင်းဖို့ NLDကို မဲပေးဖို့ခေါင်းစဉ်အောက်ကနေ လူထုမသိသေးသော အချက်အလက်များကိုလည်းထည့်သွင်းပြောကြားသွားမည်ဖြစ်ပြီး ရန်ကုန်တိုင်းတစ်ခုလုံး အတွက်ကို ဤကဲ့သို့ သန်လျင်မြို့နယ်တွင် ကျင်းပပြုလုပ်ခြင်းဖြစ်၍ မည်သူမဆို လွတ်လပ်စွာ လာအားပေးရောက် ကြည့်ရှုနိုင်မည် ဖြစ်ကြောင်း သိရှိရပါသည်။
မြင့်မြတ်အောင်မြင်
မြင့်မြတ်အောင်မြင်
0 comments:
Post a Comment