အရင်တစ်ခါက ဂျပန်နိုင်ငံမှာ ခေတ်စားလာတဲ့ မိတ်ကပ်အပြင်အဆင် အကြောင်း ရေးသားဖူးပါတယ်။ အဲ့ဒါကတော့ မျက်လုံး ကို ဖောင်းဖောင်း လေး ဖြစ်နေအောင် ပြင်ဆင်ပြီး၊ အောက်မျက်ခမ်းကို လည်း ဖောင်းနေအောင် ပြင်ဆင်ကာ မျက်လုံးအောက်နား ပါးအပေါ်ဘက်အခြမ်းကို ပါးနီးဆိုးတဲ့ မိတ်ကပ်အပြင်အဆင်တစ်ခုပါ။
ဒါဟာ အရက်နာကျတဲ့သူတွေ ဖြစ်လေ့ရှိတဲ့ မျက်နှာပုံစံမျိုးနဲ့ တစ်ထေရာတည်းဖြစ်တာမို့ hangvoer မိတ်ကပ်အပြင်အဆင်ဆိုပြီး နာမည်ကြီးလာတာပါ။ အစကတော့ ဂျပန်နိုင်ငံမှာ ဒီမိတ်ကပ်အပြင်အဆင် ဟာ တော်တော်လေး ပေါက်လာခဲ့တယ်လို့ ဆိုရမှာဖြစ်ပြီး နောက်ပိုင်းမှာတော့ ကိုရီးယားနိုင်ငံထိပါ ပျံ့နှံ့ခေတ်စားသွားခဲ့ပါတယ်။ ခုနောက်ပိုင်းတော့ အာရှနိုင်ငံတွေထိပါ ဒီလိုပြင်ဆင် ဓာတ်ပုံရိုက် ဆိုရှယ်နက်ဝက်ခ်နဲ့ ဓာတ်ပုံဆိုက်တွေမှာ တော်တော်လေး တင်လာကြတယ်လို့ သိရပါတယ်။
ဒီမိတ်ကပ်အပြင်အဆင်ကို ဂျပန်မှာ byojaku face လို့ သိကြပြီး ကိုရီးယားမှာတော့ aegyo sal လို့ ခေါ်ကြပါတယ်။ အပြင်အဆင်ချင်းတူပေမယ့် ဂျပန်မှာကတော့ မျက်လုံးအောက် ပါးအပေါ်ဘက်ခြမ်းကို ပါးနီးဆိုးတာမျိုး အသားပေး ခြယ်သကြပေမယ့် ကိုရီးယားမှာတော့ မျက်လုံးကို ဖောင်းဖောင်းအစ်အစ်လေးဖြစ်အောင် ပြင်ဆင်တာကို ပိုအသားပေးထားတယ်လို့ ဆိုပါတယ်။
Ref:yourtango
Source:trend.com.mm
0 comments:
Post a Comment