သြဂုတ်လ ၂၆ရက်နေ့ဖြစ်တဲ့ ဒီနေ့ မနက် ၁၀ နာရီမှာ စတင်မယ့် နှစ် ၇၀ပြည့် ခရမ်းချဉ်သီးပစ်ပေါက်ပွဲတော် La Tomatina


ကမ္ဘာ့အကြီးမားဆုံး အစားအသောက် ပစ်ပေါက်ပွဲဖြစ်တဲ့ ခရမ်းချဉ်သီးပွဲတော် La Tomatina နှစ် ၇၀ ပြည့် အထိမ်းအမှတ်အဖြစ် ပွဲတော်ဆင်နွှဲဖို့ အတွက် လူပေါင်း လေးသောင်းလောက်ဟာ စပိန်နိုင်ငံရဲ့ မြို့ လေးတစ်မြို့ ဖြစ်တဲ့ Bunol  ရဲ့လမ်းကလေးတွေမှာ စုရုံးရောက်ရှိနေကြပါတယ်။ ပွဲတော်စတင်တာနဲ့ သူတို့ ဟာ တန်ချိန် ၄၀ ကျော်ရှိတဲ့ ခရမ်းချဉ်သီးတွေနဲ့ တစ်ယောက်ကိုတစ်ယောက် ပစ်ပေါက်ကြမှာပါ။
အဆိုပါပွဲတော်ကို နှစ်စဉ် သြဂုတ်လရဲ့နောက်ဆုံး ဗုဒ္ဓဟူးနေ့ မှာ ကျင်းပလေ့ရှိပြီး မနက် ၁၀ နာရီကနေ ၁၁ နာရီအတွင်း၊ တစ်နာရီသာကြာမြင့်မှာဖြစ်ပါတယ်။ ခရမ်းချဉ်သီး တိုက်ပွဲအတွင်း ခရမ်းချဉ်သီးပေါင်းအလုံး တစ်သိန်းခွဲလောက်ကို ပစ်ပေါက်ကြပြီး အဆိုပါ ခရမ်းချဉ်သီးတွေဟာ Extremadura မြို့ က လာတာဖြစ်ပြီး ဈေးသက်သာကာ အရသာလည်းသိပ် မကောင်းတဲ့ အသီးတွေဖြစ်ပါတယ်။
ပွဲတော်စတင်တာနဲ့ လူတွေဟာ နီးစပ်ရာ သစ်သီးဆိုင်တွေထဲက ခရမ်းချဉ်သီးတွေကို ဆွဲယူပြီး လက်နက်အဖြစ် တစ်ယောက်ကို တစ်ယောက် ပစ်ပေါက်ကြကာ နောက်ဆုံးမှာ ရဲတွေက ၀င်ရောက် ရပ်တန့် ပေးရပါတယ်။ဒီတိုက်ပွဲရဲ့စည်းမျဉ်းတွေကတော့ ရိုးရှင်းပါတယ်။ ခရမ်းချဉ်သီးကို တခြားသူကို မပစ်ပေါက်ခင် အရင်ဖြစ်ညှစ်ပစ်ရပါတယ်။ ခရမ်းချဉ်သီးတစ်မျိုးပဲ ပစ်ပေါက်ခွင့် ရှိပါတယ်။ လော်ရီကားတွေကို လမ်းဖယ်ပေးရပါမယ်။ တီရှပ်တွေကို ဆွဲမဖြဲရပါ။ ရပ်လို့ ပြောရင် ရပ်ရပါမယ်။
ခရမ်းချဉ်သီးပွဲတော် စတင်ရာ ဇစ်မြစ်ကို လိုက်ရင် ၁၉၄၅ ခုနှစ်က စတယ်လို့ ယုံကြည်ကြပြီး Gigantes y cabezudos ဆိုတဲ့ အရုပ်ချီတက်ပွဲ ကျင်းပနေစဉ်အတွင်း မြို့ ရဲ့ အဓိကရင်ပြင်မှာ လူရွယ်တစ်သိုက်က ဆန္ဒပြတဲ့ အနေနဲ့ ခရမ်းချဉ်သီးတွေနဲ့ ပစ်ပေါက်ရာကနေ စတင်တယ်လို့ ဆိုကြပါတယ်။
Ref: Mirror
Source:trend.com.mm
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment