အိတ်ထဲထည့်ပြီး သယ်ဆောင်သွားနိုင်တဲ့ ကမ္ဘာ့ပထမဆုံး တစ်ကိုယ်ရည်သယ်သူပို့ ဆောင်ရေးယာဉ်ကို ဂျပန်အင်ဂျင်နီယာတစ်ဦး စတင်မိတ်ဆက်


အလွယ်တကူသယ်ဆောင်သွားနိုင်တဲ့ ယာဉ်တစ်မျိုးကို ဂျပန်အင်ဂျင်နီယာတစ်ဦးက စတင်တီထွင်ခဲ့ပြီး ကမ္ဘာ့ပထမဆုံး ‘ အိတ်ထဲထည့်လို့ ရတဲ့ကား’  ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။
အသက်နှစ်ဆယ့်ခြောက်နှစ်အရွယ် Kuniako Saito နဲ့ သူ့ ရဲ့အဖွဲ့ Cooca Motors ဟာ လက်ပ်တော့ အရွယ်အစားတစ်လုံးသာရှိပြီး စကိတ်ဘုတ်နဲ့ ပိုမိုဆင်တူတဲ့ လီသီယံဓာတ်ခဲအားသုံး ‘WalkCar’ သယ်ယူပို့ ဆောင်ရေးယာဉ်ကို မကြာမီက မိတ်ဆက်ခဲ့ပါတယ်။
ကျစ်လျစ်သေးသွယ်တဲ့ WalkCar ကို အလူမီနီယံနဲ့ ပြုလုပ်ထားပြီး အိမ်တွင်းသုံးက အလေးချိန် ၂ ကီလိုဂရမ် နဲ့ အိမ်ပြင်ပသုံး  ၃ ကီလိုဂရမ်သာရှိပါတယ်။ ဒီယာဉ်ဟာ အရွယ်သာ သေးငယ်ပေမယ့် တန်ချိန် ၂၆၅ ပေါင် (၁၂၀ ကီလိုဂရမ်) အထိ တင်ဆောင်နိုင်ပါတယ်။ တစ်နာရီကို အမြန်ဆုံး ၆.၂ မိုင်ထိ ပြေးနိုင်ပြီး သုံးနာရီစာ အားသွင်းထားရင် ၇.၄ မိုင်အထိ သွားနိုင်တယ်လို့ Saito က ရှင်းပြခဲ့ပါတယ်။
ဒီယာဉ်ပေါ်ကို တက်ရပ်လိုက်ရုံနဲ့ အလိုအလျောက် မောင်းနှင်သွားပေးမှာဖြစ်ပြီး ဆင်းလိုက်တာနဲ့ ယာဉ်က အလိုအလျောက်ရပ်သွားမှာပါ။ လမ်းကြောင်းပြောင်းချင် ရင်လည်း ကိုယ်ကို  ယိမ်းလိုက်ရုံပဲလို့ ပြောပြခဲ့ပါတယ်။၂၀၁၅ ဆောင်းဦးရာသီမှာ အင်တာနက်ရန်ပုံငွေရှာ ၀က်ဘ်ဆိုဒ် Kickstarter ကနေ ဒေါ်လာ ၈၀၀ ခန့် နဲ့ စတင်ဝယ်ယူနိုင်မှာဖြစ်ကြောင်း သိရှိရပါတယ်။
Ref: Reuters 
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment