ရေဘေးသင့်ဒေသများ သို့ အဝတ်အထည်များ ကိုယ်တိုင် သွားရောက်လှူဒါန်းလိုသဖြင့် ရေ ဘေးသင့်ဒေသများသို့ ကိုယ်တိုင် သွားရောက်မည်ဖြစ်ကြောင်း ဆု ပန်ထွာက ပြောသည်။
‘‘အင်္ကျီလေးတွေကို အစ်မ ကိုယ်တိုင်ပေးချင်တယ်။ ကိုယ် တိုင်လည်းအားပေးချင်တယ်။ အဲဒါကြောင့်သွားဖို့ စိုင်းပြင်းနေ တာ တော်တော်ကြာပြီ’’ဟု ၎င်း က ပြောသည်။
ရေဘေးသင့်ဒေသများသို့ သွားရောက်လှူဒါန်းမည့် မေတ္တာ သင်္ဂဟအဖွဲ့၏ လှူဒါန်းမှုအစီ အစဉ်တွင် လိုက်ပါမည်ဖြစ်ပြီး ၎င်း၏ အဝတ်များသာမဟုတ်ဘဲ ဖေ့စ်ဘွတ်ခ်မှတစ်ဆင့် လှူဒါန်း ထားသည့်ပစ္စည်းများကိုလည်း ယူဆောင်ပေးသွားမည်ဟု ၎င်းက ဆိုသည်။
‘‘တနင်္လာနေ့သွားမယ်လို့ တော့ပြောတယ်။ ကောလင်းနား အထိတော့ရောက်မယ်ပြော တယ်။ ရောက်နိုင်တဲ့နေရာ၊ သွား လို့ရတဲ့နေရာအထိပေါ့’’ဟု ဆုပန် ထွာက ပြောသည်။
ယင်းခရီးစဉ်တွင် ခင်ပွန်း ဖြစ်သူလည်းပါဝင်မည်ဖြစ်ပြီး ၎င်း ၏ခင်ပွန်းဖြစ်သူ မွေးနေ့အမှတ် တရအနေနှင့်လည်း ရေဘေးသင့် ဒေသများသို့ လှူဒါန်းရန်အစီ အစဉ်ရှိကြောင်း ၎င်းက ဆိုသည်။
0 comments:
Post a Comment