ရေခဲတုံးကြီးများ အရည်ပျော်နေခြင်းကြောင့် အလက်စကား ပြည်နယ်သို့ ပယ်လယ်ဖျံများ စုပြုံရောက်ရှိ


ဝါရှင်တန် ၊ ၃၀-၈-၂၀၁၅

ကမ္ဘာ့ ရာသီဥတု ပြောင်းလဲမှု ကြောင့် အာတိတ်ဒေသရှိ ရေခဲတုံး ကြီးများ လျင်မြန်စွာ အရည်ပျော် ကျလာ၍ ပင်လယ်ဖျံများ အမေရိကန်နိုင်ငံ မြောက်ဖျားရှိ အလက်စကား ပြည်နယ်ရှိ လူသူ မနေသော ကျွန်းပေါ်သို့ စုပြုံရောက်ရှိ လာပြီး ၄င်းတို့ အသက်ရှင်သန်ရေး အတွက် စိုးရိမ်ဖွယ် အခြေအနေ များရောက် ရှိနေကြောင်း သိရသည်။

အမေရိကန် သမ္မတများ အနက် အလက်စကား ပြည်နယ်သို့ ပထမ ဆုံးသွားသော သမ္မတအဖြစ် အိုဘားမား က လာမည့် ၃၁ ရက်တွင် သွားရောက် လည်ပတ်မည် ဖြစ်ပြီး ကမ္ဘာ့ ရာသီဥတု ဖောက်ပြန်မှု ကြောင့် ဖြစ်ပွားလာ နေသော ဆိုးကျိုးများ ကို လေ့လာသွားမည် ဖြစ်သည့် အပြင် အလက်စကား ကျွန်းနှင့် မနီးမဝေးရှိ အခြား ကျွန်းများသို့ လည်း သွားရောက် ကြည့်ရှုမည် ဖြစ်သည်။

လာမည့် ၂ဝ၃ဝ ပြည့်နှစ် နွေကာလများ ရောက်လျှင် အာတိတ်ဒေသ ကြီးတွင် ရေခဲများ မရှိနိုင် တော့ကြောင်း အချို့သောသိပ္ပံ ပညာရှင်များက ယုံကြည်နေကြ သည်။ ၂ဝဝဝ ပြည့်နှစ်က စ၍ ပင်လယ်ဖျံ များသည် အာတိတ်ဒေသ အနီးရှိ လူသူ မနေသော ကျွန်းများ သို့ ပြောင်းရွှေ့ နေထိုင်လာကြရာ အလက်စကား ပြည်နယ် အနောက် မြောက်ဘက်ရှိ ရေခဲတုံးများ ရှိသော ကျွန်းများတွင် ပင်လယ်ဖျံများ အကောင်ရေ ၃၅ဝဝဝ ခန့်ရှိနေ ကြောင်း ၂ဝ၁၄ ခုနှစ်က ကောက် ယူခဲ့သောစာရင်းအရ သိရသည်။ ပင်လယ်ဖျံ များသည် လူသံ၊ စက်သံများကို ကြောက်ရွံ့ပြီး သီးခြားနေထိုင်လေ့ ရှိသော သတ္တဝါ ကြီးများ ဖြစ်ကြောင်း သိရသည်။

PyiChitThar
http://www.pyichitthar.com
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment