တရုတ်စစ်ကော်မရှင် မြန်မာ ဗိုလ်ချုပ်မှူးကြီးကို သတိပေး

တရုတ်စစ်ကော်မရှင် ဒုဥက္ကဋ္ဌနှင့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် (ဓာတ်ပုံ - People's Daily)
မြန်မာဘက်က ပစ်လိုက်တဲ့  ကျည်ဆန်တွေကြောင့် တရုတ်ဘက်မှာ နောက်ထပ် သေကျေထိခိုက်မှုတွေ ဖြစ်လာရင် ပြတ်ပြတ်သားသား တုံ့ပြန်သွားမယ်လို့ တရုတ်စစ်တပ် အကြီးတန်း ခေါင်းဆောင် Fan Changlong က ပြောကြား လိုက်ပါတယ်။

တရုတ် စစ်ကော်မရှင်ရဲ့ ဒုဥက္ကဋ္ဌ Fan Changlong က မြန်မာ ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို မတ် ၁၄ ရက်နေ့က တယ်လီဖုန်းခေါ်ပြီး သတိပေး လိုက်တာလို့ တရုတ် အစိုးရ အာဘော် ပြည်သူ့နေ့စဉ် People’s Daily သတင်းမှာ ဖော်ပြပါတယ်။

မတ် ၁၃ ရက်နေ့က မြန်မာစစ်လေယာဉ်က ပစ်လိုက်တဲ့ ဗုံးကြောင့် တရုတ်အနောက်ပိုင်း ယူနန်ပြည်နယ်ထဲမှာ ဒေသခံ ၄ ဦး သဆုံးခဲ့တဲ့ အဖြစ်အပျက်ကြောင့် တရုတ်ဘက်က မြန်မာစစ်တပ်အကြီးအကဲကို ဖုန်းနဲ့ ပထမဆုံး သတိပေးလိုက်တာ ဖြစ်ပါတယ်။

တရုတ်နယ်မြေထဲကို ဗုံးကျရောက်ပေါက်ကွဲမှုအပေါ် မြန်မာအစိုးရက ငြင်းဆိုလိုက်ပြီး ဒါဟာ ကိုးကန့်လက်နက်ကိုင်တွေက နှစ်နိုင်ငံကြား နားလည်မှုလွဲမှားအောင် တရုတ်နိုင်ငံဘက်ထဲကို ပစ်လိုက်တာဖြစ်နို်င်ကြောင်း သမ္မတရုံးညွှန်မှူး ဦးဇော်ဌေးက ရိုက်တာသတင်းဌာနကို ပြောဆိုထားပါတယ်။

ဦးဇော်ဌေးက တရုတ်သံတမန်တွေကို ဆင့်ခေါ်ရှင်းလင်းသွားမယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။

မြန်မာ့လေတပ်ရဲ့ ဗုံးကြဲတိုက်ခိုက်မှုတွေကြောင့် ကိုးကန့်တိုက်ပွဲတွေနဲ့ ထိစပ်နေတဲ့ ယူနန်ပြည်နယ်၊ လင်ချန်း နယ်စပ်မြို့က ကြံစိုက်ခင်းကို မတ် ၁၃ ရက် ဗုံးထိမှန်ခဲ့လို့ တရုတ်နိုင်ငံသား ၄ ဦး သေဆုံးပြီး ၉ ဦး ဒဏ်ရာရသွားတယ်လို့ ဆင်ဟွာသတင်းမှာ ဖော်ပြပါတယ်။

ဒီဖြစ်ရပ်အပေါ် တရုတ်နိုင်ငံခြားရေး ဒုဝန်ကြီးက တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံအအမတ်ကြီးကို ဆင့်ခေါ်ပြီး ပြစ်တင်ရှုတ်ချသလို အသေးစိတ် စုံစမ်းစစ်ဆေးဖို့နဲ့ စုံစမ်းမှုတွေကို အသိပေးဖို့ တိုက်တွန်းပါတယ်။

ဒါ့အပြင် တရုတ်နယ်စပ်အနီးကို ရောက်ရှိလာတဲ့ မြန်မာစစ်တပ်လေယာဉ်တွေကို သတိပေး စောင့်ကြည့်ဖို့ တရုတ်လွတ်မြောက်ရေး တပ်မတော်က တိုက်လေယာဉ်တွေ စေလွှတ်ခဲ့တယ်လို့ တရုတ် လေတပ်ပြောခွင့်ရ ရှန်ဂျင်ကီက ပြောပါတယ်။

By ဒီဗွီဘီ
http://burmese.dvb.no
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment