ထိုင်းရဲတပ်ဖွဲ့က သံသယတရားခံများအား ဆက်လက်ရှာဖွေ


 ဘန်ကောက် သြဂုတ် ၃၁

 ထိုင်းရဲတပ်ဖွဲ့သည် သံသယတရားခံများ နေထိုင်ခဲ့သော တိုက်ခန်းသို့ ဝင်ရောက်စီးနင်းပြီးနောက် တနင်္လာနေ့တွင် တရားခံများအား ဖမ်းဝရမ်းထုတ်ခဲ့သည်။ မင်ဘူရီ ခရိုင်ရှိ အဆိုပါတရားခံနှစ်ဦး၏ နေအိမ်သို့ ဝင်ရောက် ရှာဖွေရာတွင် ဓာတ်မြေသြဇာများ၊ ဒစ်ဂျစ်တယ်နာရီများ နှင့် ဖောက်ခွဲရေးကိရိယာများကို တွေ့ရှိခဲ့သည်။

အမျိုးသားတရားခံ၏ပုံပန်းမှာ ဆံပင်စည်းထားပြီး နှုတ်ခမ်းမွေးရှိကြောင်း၊ အမျိုးသမီးတရားခံမှာ မူဆလင် အမျိုးသမီးများဝတ်ဆင်သော ဝတ်စုံကို ဝတ်ဆင်ထား ကြောင်း၊ သူငှားရမ်းနေထိုင်သော အိမ်ပိုင်ရှင်ကိုလည်း ဖမ်းဝရမ်းထုတ်ခဲ့ကြောင်း ရဲတပ်ဖွဲ့ပြောခွင့်ရသူ ပရာရွတ် သာဗွန်ဆရီက ပြောကြားသည်။

ရဲတပ်ဖွဲ့ဝင်များက မူဆလင်အမျိုးသမီး၏ နေအိမ်သို့ သွားရောက်စစ်ဆေးရာတွင် တူရကီတွင် သူ၏ရည်းစား၊ ကလေးတို့နှင့်အတူ နေထိုင်သည်ကို သိရှိခဲ့ရကြောင်း ပြည်နယ်ဒုတိယရဲမှူးချုပ် တာရာချာသွန်ပက်က ရိုက်တာ သို့ ပြောကြားသည်။

ရဲတပ်ဖွဲ့ဝင်များအနေဖြင့် စနေနေ့က နန်ချော့ခရိုင်ရှိ အဆောက်အအုံဟောင်းတစ်ခုအား ဝင်ရောက်စီးနင်းရာတွင် နိုင်ငံခြားသားတစ်ဦးအား ဖောက်ခွဲရေးကိရိယာ မျိုးစုံ၊ ပတ်စ်ပို့ ၂ဝဝ ကျော်နှင့်အတူ ဖမ်းဆီးရမိသည်။ဘန်ကောက်မြို့လယ်ရှိ ဟိန္ဒူနတ်ကွန်းအား သြဂုတ် ၁၇ ရက်က ဗုံးခွဲတိုက်ခိုက်သဖြင့် လူ ၂ဝ သေဆုံးပြီး ၁ဝဝ ကျော်ဒဏ်ရာရခဲ့သည်။

ရိုက်တာ။
The Mirror Daily
https://www.facebook.com/TheMirrorDaily
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment