ပြတ်ပြတ်သားသား ရပ်တည်မဲပေး ကြဖို့ ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်း

 အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ဟာ သြဂုတ်လ ၃၀ ရက်နေ့က နေပြည်တော် ဥတ္တရသီရိမြို့နယ် တောင် ညိုကျေးရွာ၊ ဇမ္ဗူသီရိမြို့နယ် သပြေကုန်းရပ်ကွက်နဲ့ ဒက္ခိဏသီရိမြို့နယ်တွေမှာ ဒေသခံတွေကို ရွေးကောက်ပွဲနဲ့ပတ်သက် ပြီး ဟောပြောနေစဉ်။ Photo: Win Naung Toe/ RFA

လာမယ့်ရွေးကောက်ပွဲ ရလာဒ်ကို ဘယ်လို အကောင်အထည် ဖေါ်ပေး မလဲဆိုတာ အခုအချိန်မှာ စိုးရိမ်မနေ ကြဘဲ ပြတ်ပြတ်သားသား ရပ်တည်မဲပေးကြဖို့ ဒေါ်အောင်ဆန်းစုကြည်က ပြောကြား လိုက်ပါတယ်။

နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်၊ ရွှေခဲအင်းကျေးရွာမှာ တနင်္ဂနွေနေ့က ကျင်းပတဲ့ ရွေးကောက်ပွဲမှာ ဒေသခံ တစ်ဦးက ရွေးကောက်ပွဲပြီးရင် ၁၉၉၀ တုန်းကလို ထိန်းသိမ်း တာတွေ ဖြစ်လာဦးမလားလို့ မေးမြန်းရာ မှာ ဒေါ်အောင်ဆန်းစုကြည်က ဖြေကြားခဲ့တာ ဖြစ်ပါတယ်။

"ဒီဟာတွေကို စဉ်းစားပြီးပြီဆိုရင် အရေးကြီးတာ ပြည်သူဟာ တည်တည်ငြိမ်ငြိမ် ခိုင်ခိုင်မာမာ ပြတ်ပြတ် သားသားနဲ့ ကိုယ်မဲပေးတဲ့ပါတီဘက်ကရပ်တည်မယ် ဆိုတာ ရှင်းလင်းအောင်လုပ်ဖို့ဘဲအရေးကြီးပါတယ်၊ မဲထည့်ပြီးတော့ ဒီမဲလိပ်ကြောင့် ဖြစ်ပေါ် လာတဲ့ရလာဒ်ကို မလေးစားတဲ့သူတွေဟာပြည်သူကိုစော်ကား ရာရောက်ပါတယ်၊ ဒါကြောင့်မို့လို့ဒါတွေကို သိပ်ပြီးတော့မစိုးရိမ်ပါနဲ့ တစ်ကမ္ဘာလုံးကကြည့်နေပါတယ်၊ တစ်ကမ္ဘာလုံးက မြန်မာနိုင်ငံရဲ့၂၀၁၅ ရွေးကောက်ပွဲဟာ ဘယ်လောက်တရားမျှတမလဲ၊ အခုထဲကစပြီးနည်း နည်းမမျှတတာလေးတွေတော့ရှိတယ်နော်"

ဒေါ်အောင်ဆန်းစုကြည်ဟာ နေပြည်တော်က ဥတ္တရသီရိ၊ ဇဗ္ဗူသီရိနဲ့ ဒက္ခိဏသီရိ မြို့နယ်တွေက နေရာ ၅ နေရာမှာ မဲဆန္ဒပညာပေးဟောပြောပွဲတွေ ကျင်းပခဲ့ တာဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် နေပြည်တော် သပြေကုန်းရပ်ကွက်ကို ရောက်ရှိစဉ်မှာ ဇမ္ဗူသီရိလူငယ်အဖွဲ့ဆိုတဲ့ လူ ၂၀ လောက်က ဆန္ဒပြခဲ့ကြပါတယ်။ "ရိုဟင်ဂျာကို ထောက်ခံတဲ့ အန်အယ်လ်ပါတီ အလိုမရှိ" ၊ "အမျိုးကို ချစ်လျှင် လူလိုသိပါ" စတဲ့ ပိုစတာတွေ ကိုင်ဆောင်ဆန္ဒပြခဲ့ကြတာဖြစ်ပါတယ်။

RFA Burmese
http://www.rfa.org/burmese
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment