ငွေလိမ်ပြီး ဖေ့စ်ဘွတ်ခ်တွင် ပုံတင်သည့် လူငယ် ဖမ်းဆီးခံရ





အင်္ဂလန်မှ ဆယ်ကျော်သက် လူငယ် တစ်ဦးသည် စတော့ ဈေးကွက်ထဲမှ ပေါင် (၂၁)သန်းကို လိမ်လည် ယူခဲ့ပြီးနောက် တရားရေး စနစ်အား နောက်ပြောင်ထားသည့် ပုံတစ်ခုကို ဖေ့စ်ဘွတ်ခ်တွင် တင်ခဲ့ရာ တရားစွဲခံရပြီးနောက် ထောင်ဒဏ် ချမှတ် ခံခဲ့ရကြောင်း သိရသည်။
      ဆမ်ကွတ်ဆိုသည့် ထိုလူငယ်မှာ (၁၈) နှစ် အရွယ်သာ ရှိသေးပြီး တရားသူကြီး ဦးထုပ်ဆောင်းကာ ညစ်ညမ်းသည့် အမူအရာ လုပ်ပြထားသည့် ပုံတစ်ခုကြောင့် ထိုသို့ အရေးယူခံခဲ့ရခြင်း ဖြစ်သည်။ ၎င်းသည် မိသားစု၏ မိတ်ဆွေ ခြောက်ဦးကို လိမ်လည်ကာ ပေါင် တစ်သိန်း တစ်သောင်းခန့်အား ယူသွားခဲ့ခြင်း ဖြစ်သည်။ ထို့နောက် ဖေ့စ်ဘွတ်ခ်တွင် တင်ခဲ့ရာမှ အမှုပေါ်ခဲ့ခြင်း ဖြစ်သည်။
        ကွတ်သည် ဖာရာရီပြိုင်ကား ပေါင်တစ်သိန်းခွဲတန် တစ်စီးနှင့် ရေကန်ရှေ့ တည်ရှိသည့် ဇိမ်ခံအိမ် တစ်လုံးကို ပိုင်ဆိုင်သည့် သူဌေးတစ်ဦးဟန် ဖမ်းခဲ့ပြီးနောက် လိမ်လည်မှုများ လုပ်ခဲ့သည်။ ထို့နောက် ၎င်းသည် ရင်းနှီးမြုပ်နှံ လိုသူများထံမှ ငွေများကို တစ်ဦးချင်း လိမ်ယူခဲ့သည်။
         ၎င်းကို ရဲက အမှုခြောက်မှုဖြင့် တရားစွဲခဲ့ပြီး ထောင်ဒဏ်ချမှတ် ခံရပြီးနောက် အချို့ အမှုများအတွက် အယူခံဝင်မည်ဟု ပြောထားသည်။
Source:Mirrror
messengernewsjournal.com
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment