ရိုမန့်စ်ကားတွေကို ရိုက်ရတာ အားသန်ပါတယ်ဆိုတဲ့ ဒါရိုက်တာ ပွင့်သိင်္ဂီဇော်


အနုပညာလောကမှာ နာမည်ရပြီးသား ဒါရိုက်တာတွေထဲက တစ်ယောက်ဖြစ်တဲ့ ဒါရိုက်တာ ကိုဇော်(အရုဏ်ဦး)ရဲ့ သမီးဖြစ်သူ ပွင့်သိဂီ င်္ဇော်က လက်ရှိမှာ သူမရဲ့ ၅ကားမြောက် ဇာတ်ကားဖြစ်တဲ့ အိမ်ထောင်ရေးဇာတ်လမ်းတစ်ပုဒ်ကို ရိုက်ကူးနေတယ်လို့ သိရတာကြောင့် သူမနဲ့တွေ့ဆုံခိုက်  သူမလေ့လာထားတဲ့ ဒါရိုက်တာပညာနဲ့ပတ်သက်တဲ့အကြောင်းအရာများနဲ့ သူမရဲ့ လေ့လာကြိုးစားအားထုတ်မှုများ ကို မေးမြန်းဖြစ်တဲ့အခါ
-အခုရိုက်နေတဲ့ ကားလေးအကြောင်းကို အရင်ပြောပြပေးပါဦး။
ဒီကားလေးက အိမ်ထောင်ရေးကားလေးပါပဲ။ ကားနာမည်ကတော့ အတိအကျမပေးရသေးဘူး။ ယာယီကတော့ နှောင်ကြိုးတစ်မျှင် ချစ်ကြိုးလို့ပေးထားတယ်။ ဒါပေမဲ့ ပဉ္စလက်ချစ်ကြိုးလို့ပြောင်းဖြစ်မလားမသိဘူး။ လင်မယားနှစ်ယောက် မာနတွေကြောင့်ကွဲသွားကြပြီး မှ တဖြည်းဖြည်းနဲ့သံယောဇဉ်ဖြစ်ပြီးနောက်ဆုံး ညားသွားတဲ့ ဇာတ်လေးပါ။ ဒီကားလေးက ပွင့်နာမည်နဲ့ရိုက်တာ ၅ကားမြောက်ပေါ့။ ပွင့်ကားတွေကလဲ မထွက်သေးဘူး။ ရှေ့မှာ အဖေ့ကိုငှားတဲ့ ကားတွေ အဖေမအားလို့ရိုက်ပေးရတာတော့ များနေပြီ။ ဒါပေမဲ့ အဖေ့နာမည်နဲ့ပဲဖြစ်သွားတယ်။ အခုနောက်ပိုင်း အစအဆုံး ရိုက်တဲ့တော်တော်များများကိုတော့ ပွင့်နာမည်ပဲ ထိုးပေးပါတယ်။
-အရှေ့မှာ ရိုက်တဲ့ကားတွေကလဲ အိမ်ထောင်ရေးကားလေးတွေပဲဆိုတော့ ဘယ်လိုစိတ်ကူးနဲ့ရိုက်ဖြစ်လဲဆိုတာသိချင်ပါတယ်။
ပွင့်က ရိုမန့်စ်အရမ်းအားသန်တယ်။ အပြင်မှာဆိုလဲ ကိုယ်က ထူးထူးဆန်းဆန်းလေးတွေလုပ်ပေးရတာ သဘောကျတယ်။ စရိုက်မယ် ဆိုတဲ့အချိန်မှာ လဲအဲ့ဒီလိုကားလေးတွေနဲ့စရိုက်ဖြစ်တယ်။ ကိုယ့်လက်ထဲမှာ ရှိနေတာလဲပါတာပေါ့။ ဒီဇာတ်လေးကဖေ့စ်ဘုတ်က တွေ့တာပေါ့။ ပွင့်ရဲ့မန်နေဂျာ ကိုဇော်မိုးထွေးကဖေ့စ်ဘုတ် သုံးရင်းတွေ့တော့ ပွင့်ကိုရိုက်မလားမေးတာနဲ့ကိုယ်ကလဲ ကိုအောင်ရဲလင်းနဲ့ရိုက်စရာရှိတာနဲ့ရိုက်ဖြစ်ခဲ့တာပါ။ အစ်ကိုနဲ့က အိမ်ထောင်ရေးကားတွေ ရိုက်တာများလို့အစ်ကိုကတောင် ပြောနေသေးတယ်။ ၁၁လပိုင်းကျရင်လဲ အစ်ကိုနဲ့တစ်ကားရှိသေးတော့ အိမ်ထောင်ရေးဇာတ် မရိုက်တော့ဘူး။  အက်ရှင်လိုမျိုး ရိုက်ဖို့စဉ်းစားထားတယ်။
-ရိုက်ထားတဲ့ငါးကားက။
ကိုအောင်ရဲလင်းနဲ့၂ကား၊ ကိုနေမင်းနဲ့တစ်ကား၊ ကိုဇေရဲထက်နဲ့၂ကားပါ။
-အမ်တီဗီတွေလဲ ရိုက်တာတွေ့ရတယ်။ အဲ့ဒီအပိုင်းနဲ့ပတ်သက်ပြီးတော့လဲပြောပြပေးပါဦး။
အမ်တီဗီကတော့ ပွင့်စတာက ငယ်ငယ်ကတည်းက ဒါရိုက်တာအလုပ်ကို ၀ါသနာပါတယ်။ ဖုန်းတွေလဲလျှောက်ရိုက်တယ်။ ဖုန်းက တစ်ဆင့် ကင်မရာနဲ့စရိုက်တယ်။ အဲ့ဒီကမှတဆင့် မဒီးဒီက အဖေ့ကိုလာငှားတော့ အဖေက အမ်တီဗီမရိုက်တော့ စရိုက်ကြည့်ဆိုတာနဲ့အဲ့ဒီမှာ စရိုက်ဖြစ်သွားတယ်။ ရိုက်တော့ ကိုလွှမ်းပိုင်ကို ၂ပုဒ် ရိုက်ပေးဖြစ်တယ်။ မချစ်သုဝေကိုရိုက်ပေးဖြစ်တယ်။ ကိုထွန်းကို တစ်ပုဒ်ရိုက်ပေးဖြစ်တယ်။ အမ်တီဗီကျတော့ ကိုဝင်းလွင်ထက်တို့၊ ကိုအောင်ထက်တို့က ရိုက်နေကျဆိုတော့ သူတို့ခေတ်လိုဖြစ်တာပေါ့နော်။ ပွင့်တို့ကျတော့ နီးစပ်ရာ နီးစပ်ရာ ကိုယ်နဲ့ခင်လို့ရိုက်ပေးဖြစ်တာများပါတယ်။
-ဒီကားပြီးရင် ထပ်လုပ်ဖို့ရှိတဲ့အနုပညာတွေက။
ကိုဇေရဲထက်တော့ပြောထားတယ်။ ရက်အတိအကျ မသိရသေးဘူး။ ၁၀လပိုင်းမှာတော့ ကောင်းပြည့်တို့ ချိတ်ထားတယ်။ ၁၁နဲ့၁၂က ကိုဇေရဲထက်တို့ ကိုအောင်ရဲလင်းတို့ကိုရိုက်ပေးဖို့ရှိပါတယ်။
-အဖေကိုယ်တိုင်ကိုက ဒါရိုက်တာတစ်ယောက်ဖြစ်တဲ့အတွက် အခုအချိန်မှာ ဒီအလုပ်ကိုပဲဇောက်ချလုပ်တော့မယ်လို့ စိတ်ကဆုံးဖြတ်ပြီးပြီလား။
အစကတည်းက ၀ါသနာပါတယ်ဆိုတော့လေ။ ဒါပေမဲ့ အခြားစီးပွားရေးဖက်တွေလဲ အားတော့သန်တယ်။ ဒါပေမဲ့ ဒီမှာ ဒါရိုက်တာလုပ်ပေမဲ့လဲ ပွင့်ကဒီဟာနဲ့ပတ်သက်ပြီး ဘယ်လိုစီးပွားရေး လုပ်မလဲပါပွင့်စဉ်းစားဖြစ်တယ်။ အဖေကတော့ ဒီတစ်လုပ်ထဲကိုပဲ ရူးသွပ်တဲ့အတွက်ဒါပဲလုပ်တယ်။
-ဒါရိုက်တာပညာနဲ့ပတ်သက်တဲ့လေ့လာမှု။
ပွင့်ကအစကတည်းကအဖေနဲ့လိုက်တာ တစ်အားများတယ်။ အဖေ့နောက်လိုက်ပေမဲ့ဝေလေလေပဲ။ လိုက်ရင်းနဲ့ကိုနေမင်းက ပွင့်ပထမဆုံး စရိုက်တဲ့ကားလေးကို အဖေ့ကိုချိတ်တာ။ အဖေကမအားတော့ ပွင့်ကို အပ်ပေးတာမဟုတ်ဘူး။ ပွင့်ကိုသွားရိုက် လိုက်ပါလားတဲ့။ သူနောက်နေ့မှ ၀င်မယ်တဲ့။ အဲ့ဒါနဲ့ကိုနေမင်းကို ရိုက်ပေးတော့အဆင်ပြေတာနဲ့အဖေက မ၀င်တော့ပဲ ပွင့်ပဲ တစ်ကားလုံးကိုရိုက်ဖြစ်ခဲ့တာပေါ့။
-အနုပညာလောကထဲမှာလေ့လာနေတာကရော ဘယ်လောက်ကြာပြီလဲ။
၃နှစ်လောက်ရှိပါပြီ။
Source:trend.com.mm
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment