အမျိုးသမီးတစ်ယောက်ဟာ ဘတ်စ်မှတ်တိုင်မှာဆုံခဲ့တဲ့ သူစိမ်းယောင်္ကျားတစ်ယောက်နဲ့ ကိုးနာရီချစ်တင်းနှောနေတုန်းမှာ သမီးဖြစ်သူ သေဆုံးခဲ့ရတဲ့အမှုကို ဗုဒ္ဓဟူးနေ့ က တရားရုံးမှာ ကြားနာခဲ့ပါတယ်။
အင်္ဂလန်နိုင်ငံ၊ Stoke-on-Trend Meir မြို့ က အသက် ၃၂ နှစ်အရွယ် Yvonne Adkins ဟာ ဖျားနာနေတဲ့သမီးဖြစ်သူ Shantelle ကို လှုပ်ကုလားထိုင်မှာပစ်ထားပြီး အိမ်အပေါ်ထပ်မှာ သူစိမ်းတစ်ယောက် နဲ့ ချစ်တင်းနှော နေခဲ့ပါတယ်။ နောက်နေ့ မနက် သူမ အိပ်ရာနိုးလာတဲ့အခါ သမီးဖြစ်သူဟာ စောင်ထည်မပါဘဲ လှုပ်ကုလားထိုင်မှာ အားကစားဝတ်စုံအင်္ကျီလေးနဲ့ သေဆုံးနေတာကို တွေ့ မြင်ခဲ့ရတာပါ။
သူမဟာ ကလေးသူငယ်နှိပ်စက်ညှင်းပန်းမှုမှာ အပြစ်ရှိကြောင်း ထွက်ဆိုခဲ့ပေမယ့် သက်ညှာခွင့်ရခဲ့ပြီး ၁၈ လ ထောင်ဒဏ်ပြစ်ဒဏ်ကို နှစ်နှစ်ဆိုင်းငံ့ပြီးမှသာ ကျခံရမှာဖြစ်ပါတယ်။ သမီးဖြစ်သူ Shanelle ဟာ မွေးကတည်းက ကျန်းမာရေးပြဿနာမျိုးစုံကြုံတွေ့ ခဲ့ ရပြီး ပါရဂူဆရာဝန်နဲ့ နောက်လမှာ ပြဖို့ ရည်ရွယ်ထားခဲ့ကြောင်း သူမက ထွက်ဆိုခဲ့ပါတယ်။
Ref: Metro
Source:trend.com.mm
0 comments:
Post a Comment