ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်အတွင်းက စစ်ဘေးဒုက္ခသည် စခန်း ၆ ခုမှာ ၀မ်းပျက်ဝမ်းလျှောရောဂါတွေ အဖြစ်များလာနေတယ်လို့ စခန်းတာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။
ဆေးဝါးတွေပြတ်တောက်နေတဲ့အတွက် ကုသပေးဖို့ အခက်အခဲကြုံတွေ့နေရတယ်လို့  ကွတ်ခိုင်မြို့ကက်သလစ် ဘုရားကျောင်းဝင်းအတွင်းက စစ်ဘေး ဒုက္ခသည်စခန်းတာဝန်ခံ ဆရာနောင်လတ်က ပြောပါတယ်။
"မိုးရာသီဝင်လာတော့ ဝမ်းပျက်ဝမ်းလျှောတော့ရှိတယ်၊ ပြောမယ်ဆိုရင်တော့ ၁၃၉ ယောက်မှာ အယောက် ၂၀ နီးပါးတော့ဖြစ်ခဲ့တယ်၊ရာသီဥတု အပြောင်း အလဲ ပေါ်မူတည်တယ်၊"
ကွတ်ခိုင်မြို့ နယ်အတွင်းမှာ စစ်ဘေးဒုက္ခသည်စခန်း စုစုပေါင်း ၆ ခုရှိပြီး ဒုက္ခသည်ဦးရေ နှစ်ထောင် နီးပါးရှိပါတယ်။
အရင်က အဲဒီဒုက္ခသည်စခန်းတွေဆီ ဆေးဝါးနဲ့ စားနပ်ရိက္ခာတွေကို ကုလသမဂ္ဂနဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေက လာရောက်ကူညီပေးခဲ့ပေမယ့် ပြီးခဲ့တဲ့ ခြောက်လ လောက်ကတည်းက အကူအညီတွေ ရပ်ဆိုင်းလိုက်တာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ၂၀၁၂ ခုနှစ်လောက်မှာ ကွတ်ခိုင်မြို့အနီးတစ်ဝိုက်က မန်ဂလောင်၊ နမ့်ပါမုံး၊ နမ့်မာ၊ နမ့်ဟူး၊ တုံခန် စတဲ့ ကျေး ရွာတွေနားမှာ အစိုးရနဲ့ KIA တို့ အကြား ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် အဲဒီရွာတွေက ထွက်ပြေးလာကြသူတွေ ဖြစ်ပါတယ်။
RFA Burmese
http://www.rfa.org/burmese
0 comments:
Post a Comment