ညောင်ရွှေ သြဂုတ် ၂၅
ညောင်ရွှေမြို့ရှိ VIEW POINT ဟိုတယ်၌ သြဂုတ် ၂၅ ရက် မွန်းလွဲ ၁၂ နာရီ ၄၅ မိနစ်ခန့်တွင် မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ လုံးချင်းတည်းခိုဆောင်အတွင်း လျှပ်စစ်ခြင်ပြေးစက်မှ စတင်၍ မီးလောင်ခဲ့ပြီး မီးလောင်မှုကြောင့် ပျဉ်ခင်း ပျဉ်ကာ သွပ်မိုး ပေ (၂ဝx၃ဝ) အဆောက်အအုံတစ်ခုမီးလောင်ကျွမ်းခဲ့သည်။ အဆိုပါ မီးလောင်ရာသို့ မီးသတ်ယာဉ်များ၊ ကိုယ်ပိုင်မီးသတ်စက်များဖြင့် မီးငြှိမ်းသတ်ခဲ့ပြီး အဆိုပါဟိုတယ်၌ လာရောက်တည်းခိုသည့် ခရီးသွား ဧည့်သည်များ ထိခိုက်မှုမရှိကြောင်း သိရသည်။
(မြို့နယ် ပြန်/ဆက်)
Myanmaalinn
https://www.facebook.com/MYANMAALINNN
0 comments:
Post a Comment