ရန်ကုန် သြဂုတ် ၂၅
ရန်ကုန် တိုင်းဒေသကြီး လှိုင်သာယာမြို့နယ်၌ သြဂုတ် ၂၄ ရက် ည ၉ နာရီခွဲခန့်က အမှတ်(၂ဝ)ရပ်ကွက် အပိုင်(၃) ဗိုလ်တေဇလမ်းရှိ (၁၃၃၃/က) ငါးခန်းတွဲအဆောင်နေ မယွန်းမြတ်နိုး (၁၄ နှစ်)မှာ စက်ရုံမှအပြန် အိမ်ဝင်း သို့အဝင် ဓာတ်တိုင်မှပြတ်ကျနေသော ဓာတ်ကြိုးကို ဝမ်းဗိုက်နှင့်ထိမိ ဓာတ်လိုက်၍ အဆိုပါနေရာတွင် ပင် သေဆုံးသွားခဲ့သည်။
အဆိုပါဖြစ်စဉ် မဖြစ်ပွားမီ သြဂုတ် ၂၃ ရက် ည ၈ နာရီကျော်က မယွန်းမြတ်နိုးနေထိုင်သောအဆောင် အနီး အိမ်မှ မဇင်မာဝေ(၁၉ နှစ်)သည် လည်ပင်းတွင် ဓာတ်ကြိုး ထိမိ၍ ဒဏ်ရာရနေကြောင်း၊ ရပ် ကွက်လျှပ်စစ်ရုံးသို့ အကြောင်းကြား ခဲ့ပြီး ၄င်းအား ဆေးရုံသို့ ပို့ဆောင် ခဲ့ကြောင်း၊ သြဂုတ် ၂၄ ရက် နံနက် ၁ဝ နာရီတွင် ဒဏ်ရာသက်သာသဖြင့် ဆေးရုံမှ ပြန်လည်ဆင်းခွင့်ရကြောင်း သိရှိရသည်။
အဆိုပါ ဖြစ်စဉ်များ ဖြစ်ပွား နေစဉ် ရပ်ကွက်ပြည်သူတစ်ဦးက ဗိုလ်တေဇလမ်းနှင့် ဆရာစံလမ်းမကြီး လမ်းဆုံရှိ မိန်းခလုတ်ကို ချခဲ့ရ ကြောင်း၊ ဓာတ်လိုက်မှုကြောင့် သေဆုံးသွားသူ၏ မိသားစုဘဝ ရပ်တည်ရန် အခက်အခဲဖြစ်နေသည့် အတွက် သြဂုတ် ၂၄ ရက် နံနက် ၉ နာရီ ၁၅ မိနစ်တွင် မြို့နယ် EPC ရုံး မှငွေကျပ် သိန်း ၂ဝ ထောက်ပံ့ပေး ကြောင်း မိခင်ဖြစ်သူ မသန်းသန်း ရွှေကပြောကြားသည်။
သြဂုတ် ၂၄ ရက် နံနက် ၁ဝ နာရီခွဲက ဆရာစံလမ်းနှင့် ပေဖူးလွှာ လမ်းရှိ ပြတ်ကျခဲ့သော ဓာတ်ကြိုးကို အစားထိုးတပ်ဆင်ခြင်း၊ ဆရာစံ လမ်းမကြီးရှိ လျှပ်စစ်မီးကြိုးများ အသစ် လဲလှယ်တပ်ဆင်ခြင်းတို့ကို လျှပ်စစ်ဝန်ထမ်းများ ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
သန်းထိုက်(လှိုင်သာယာ)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
0 comments:
Post a Comment