တပ်၂၅ရာခိုင်နှုန်းပေါင်းပြီး အစိုးရဖွဲ့နိုင်ဟု ပြောဆိုခြင်းသည် တပ်မတော်ကို စော်ကားရာ ရောက်ဟုဒေါ်အောင်ဆန်းစုကြည်ပြော


 ရွေးကောက်ပွဲတွင် ကြံ့ခိုင်ရေးပါတီ ၂၆ရာခိုင်နှုန်း အနိုင်ရရှိရုံဖြင့် တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ် ၂၅ရာခိုင်နှုန်းပေါင်းကာ အစိုးရဖွဲ့နိုင်ဟု ပြောဆိုခြင်းသည် တပ်မတော်ကို စော်ကားရာ ရောက်ကြောင်း သြဂုတ် ၂၁ ရက်နေ့တွင် သန်လျှင်မြို့ကျိုက်ဒေးယုံ ဘုရားဝင်းအနီးရှိ အာဇာနည် ကျောက်တိုင်ကွင်းတွင် ပြုလုပ်သော ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေး ဟောပြောပွဲတွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ပြောကြား လိုက်သည်။


ပြည်ခိုင်ဖြိုးပါတီ လွှတ်တော် ကိုယ်စားလှယ်တစ်ဦးဖြစ်သည့် ဦးလှဆွေက လာမည့် ၂၀၁၅ရွေးကောက်ပွဲတွင် ရွေးကောက်ပွဲတွင် ကြံ့ခိုင်ရေးပါတီ ၂၆ရာခိုင်နှုန်း အနိုင်ရရှိရုံဖြင့် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ၂၅ရာခိုင်နှုန်းပေါင်းကာအစိုးရဖွဲ့နိုင်ဟုမီဒီယာသို့ပြောဆိုခြင်းထားခြင်းအပေါ် ပြည်သူတစ်ဦးက မေးမြန်းခဲ့ရာယင်းကဲ့သို့ ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။


“လွှတ်တော်ထဲမှာတပ်မတော်သားကိုယ်စားလှယ်၂၅ရာခိုင်နှုန်းနိုင်ရှိပြီးသားဆိုတော့ ဒီလိုပြောတာဟာ ကြံ့ခိုင်ရေးပါတီ၂၆ရာခိုင်နှုန်းနိုင်လို့ရှိရင် ၂၅နှင့်၂၆ပေါင်းရင်၅၁။ ၅၁ဆိုတော့ လွှတ်တော်ထည်း မှာအများ စုရသွားမယ်၊အဲ့ဒါကြောင့်မို့လို့သူတို့ကသူတို့အစိုးရဖွဲ့နိုင်တယ်လို့ပြောတာ။ကျွန်မကတော့ပထမဦးဆုံးအားဖြင့်ဒိလိုပြောတဲ့ပုဂိုတ်တွေဟာဘယ်ပါတီကပဲဖြစ်ဖြစ်ကြံ့ခိုင်ရေးပါတီမှမဟုတ်ပါဘူးကျွန်မတို့ပါတီကပြောသည်ဖြစ်စေ၊တခြားပါတီကပြောသည်ဖြစ်စေ ပြောတဲ့ပါတီဟာတနည်းအား ဖြင့်ကျွန်မတို့၏တပ်မတော်ကိုစော်ကားရာရောက်တယ်လို့ပြောပရစေ..ဘာလို့လည်းဆိုတော့ အဲ့လိုပြောတဲ့အဓိပ္ပါယ်ဟာ ဘယ်လိုအဓိပ္ပါယ်ရောက်သွားလည်းဆိုတော့ တပ်မတော်က ပါတီတခုရဲ့ ခါးပိုတ်စောင်တပ်မတော်လို့ပြောတဲ့ အဓိပ္ပါယ်ရောက်လို့ စော်ကားရာရောက်တယ်လို့ပြောချင်တယ်။” ဟုဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်သည်။

သတင်း\ဓါတ်ပုံ
လင်းလင်းအောင်
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment