ရဲတပ်ကြပ်တစ်ဦး မိမိကိုယ်ကို ကြိုးဆွဲချသေဆုံး


 သြဂုတ်လ(၂၅)ရက်နေ့ ညနေ (၇)ခန့်တွင် လွိုင်ကော်ခရိုင်၊ ဒီးမောဆိုမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးတွင် ရဲတပ်ကြပ်ကြီးတစ်ဦးမှ မိမိကိုယ်ကို ကြိုးဆွဲချသေခဲ့ကြောင်း ဒီးမော့ဆိုမြို့ ရဲစခန်းမှ သိရပါသည်။

သေဆုံးသူ ရဲတပ်ကြပ်ကြီး မျိုးကြူ အသက်(၃၇)နှစ် သည် အရက်သေစာ လွန်ကျူစွာသောက်ခြင်းကြောင့် အရက်ကို ဖြတ်ရာတွင် အရက်ကြောင်ပြီး သြဂုတ် (၂၅)ရက်နေ့တွင် ၄င်းနေအိမ် (လိုင်းခန်း)တွင် ၄င်း၏ ဇနီးနှင့် စကားများပြီး ဇနီးကို အိမ်မှမောင်းချပြီး မိမိကိုယ်ကို ကြိုဆွဲချခဲ့ခြင်းဖြစ်သည် ဟု ဒီးမောဆိုရဲစခန်းမှ ရဲဝန်ထမ်းများထံမှ သိရပါသည်။

“ ဒီအကြောင်းတွေကို ဘယ်သူ့မှ မပေးသေးဘူး။ အပြည့်အစုံလိုချင်ရင်တော့ ရဲမှူးဆီ ခွင့်တောင်းလိုက်ပါ” ဟု ၄င်းနှင့်ပတ်သက်ပြီး သတင်းမေးမြန်းရာတွင် ဒီးမောဆို စခန်းမှူးက ပြန်ဖြေပါသည်။

သေဆုံးသူ မျိုးကြူသည် ဒီးမောဆိုမြို့နယ် ရဲစခန်းမှူးရုံးရှိ လိုင်းခန်းက အိမ်တွင် မိသားစုနှင့်အတူနေထိုင်ပြီး ဇနီးနှင့် သမီးနှစ်ယောက်ကျန်ရှိကြောင်း သိရပါသည်။

ဖြိုးဝေအောင်
Kantarawaddy Times
https://www.facebook.com/kantarawaddytimes
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment