ပန်းတနော်မြို့နယ်၊ ရွှေဖလားကျွန်းကျေးရွာ သဘာဝဘေးအန္တရာယ် ကျရောက်သဖြင့် လူနေမှုအခက်ကြုံတွေ့


 မအူပင် ၊ သြဂုတ် ၃၁

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်တွင် ဇူလိုင်နောက်ဆုံးပတ်နှင့် သြဂုတ်လအတွင်း မြစ်ရေမြင့်တက်မှုကြောင့် ရွှေဖလားကျွန်းကျေးရွာ၊ ဝေယံကျွန်းကျေးရွာနှင့် ကြက်ကျွန်းကျေးရွာများတွင် နေထိုင်သည့် ပြည်သူများသဘာဝ ဘေးအန္တရာယ် ကြုံတွေ့ခဲ့ရကြောင်း သိရသည်။


အဆိုပါကျေးရွာများသည် ဆည်မြောင်းတာအပြင်ဘက်တွင် တည်ရှိသည့် ရွာများဖြစ်ပြီး နှစ်စဉ်မိုးရာသီကာလ တွင် နေအိမ်များ ရေနစ်မြုပ်ခြင်း၊ တာပြိုခြင်း ဖြစ်လေ့ရှိပြီး ယခုအခါတွင် ယခင်နှစ်များထက် မြစ်ရေမြင့်တက်မှုကြောင့် ရွှေဖလားကျွန်း ကျေးရွာတွင် အိမ်ခြေ ၂၇၈ အိမ်ရှိရာ ၁၇၅ အိမ်ရေနစ်မြုပ်ပြီး ဝေယံကျွန်းကျေးရွာတွင် အိမ်ခြေ ၂၅၇ အိမ်ရှိရာ ၁၅၀ အိမ်၊ ကြက်ကျွန်းကျေးရွာတွင် ၁၆၈ အိမ်ရှိရာ ၇၈ အိမ်ရေနစ်မြုပ်ကြောင်းသိရသည်။


 ရေနစ်မြုပ်နေအိမ်ရှိ အိမ်ထောင်စုများအား ရေလွတ်ရာ ဘုန်းတော်ကြီးကျောင်းတွင် ရွှေ့ပြောင်းနေထိုင်စေခဲ့ပြီး ယခုရေပြန်ကျချိန်တွင် မိမိနေအိမ်များတွင် ပြန်လည်နေထိုင်နိုင်ရေး ကုန်းမြေပေါ်ပါက မိသားစုအလိုက်စိုက်ပျိုးရေး လုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ပြန်လည်ထူထောင်ရေးအတွက် အခက်အခဲနှင့်ကြုံတွေ့နေရကြောင်းသိရသည်။

 ကျေးရွာသားဖြစ်သူ ကိုမျိုးသန့်က “ကျွန်တော်တို့ရွာက မိုးရာသီမှာနှစ်စဉ်ရေမြုပ်တဲ့အန္တရာယ်ကြုံတွေ့ရပါတယ်။ ကမ်းနားနဲ့ တစ်ဆက်တည်း ဖြစ်တာကြောင့် ဘုန်းကြီးကျောင်း၊ စာသင်ကျောင်းလည်းစိတ်မချရပါဘူး ရွာရှိတဲ့ပြည်သူ များကလည်း လက်လုပ်လက်စားများပြီး ကိုင်းစိုက်ချိန်မှာဘဲ အဓိကလုပ်ငန်းရှိတာကြောင့် အခုလိုအိမ်တွေ ရေမြုပ်စိုက်ခင်းတွေ ပျက်တော့ စားဝတ်နေရေးပါအတော်အခက်တွေ့ရပါတယ်။ အခုရက်ပိုင်းမှာဘဲ ကမ်းပြိုလို့အိမ်(၄၇) လုံး ကမ်းပြိုတဲ့ထဲ ပါသွားတယ်” လို့ပြောပါသည်။

သက်ဆိုင်ရာခရိုင်အဆင့်နှင့် မြို့နယ်အဆင့်မှာ တာဝန်ရှိသူများကလည်း လိုအပ်ချက်များကို စီမံခန့်ခွဲပေးလျှက်ရှိပြီး အလှူရှင်များဖိတ်ကြား၍ လှူဒါန်းပေးလျှက်ရှိကြောင်းသိရှိရသည်။

MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment