ရေဘေးသင့်ပြည်သူတွေအတွက် ပရဟိတလုပ်ငန်းတွေ လုပ်ဆောင်နေရတာကြောင့် ပန်းဒေါင်းဆိုတဲ့ ကားကြီးရိုက်ကူးရေးကိုတောင် နောက်ဆုတ်ခဲ့တဲ့ ပိုင်ဖြိုးသု


ပန်းဒေါင်းဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးကို သြဂုတ် ၁၀ ရက်နေ့မှာ စတင်ရိုက်ကူးဖို့စီစဉ်ထားတဲ့ ပိုင်ဖြိုးသုက လက်ရှိမှာ ရဘေးသင့်ပြည်သူတွေအတွက် ကယ်ဆယ်ရေးလုပ်ငန်းတွေမှာ ပါဝင်ကူညီဆောင်ရွက်နေခြင်းကြောင့် သြဂုတ် ၁၉ ၊ ၂၀ မှ စတင်ရိုက်ကူးတော့မယ်လို့သိရပြီး အနုပညာလှုပ်ရှားမှုတွေကိုရပ်တန့်ထားတာ ရေဘေးနဲ့ပတ်သက်တဲ့ ပရဟိတပွဲတော်တော်များများမှာ တွေ့လာရတဲ့ ပိုင်ဖြိုးသုနဲ့တွေ့ဆုံခိုက် သိချင်တာတွေကို မေးမြန်းကြည့်ဖြစ်တဲ့အခါ
"အစကသုသုတို့ပန်းဒေါင်းရုပ်ရှင် ဇာတ်ကားကြီးကို သြဂုတ်၁၀ရက်အောင်ပန်းမှာ စတင်ရိုက်ကူးဖို့အတွက်မှန်းထားတာပါ။ ဒါပေမဲ့လဲ အခုဟာက မြန်မာနိုင်ငံမှာကြုံတွေ့နေရတဲ့ ရေဘေးသင့်ပြည်သူတွေအတွက်က သု တို့ရုပ်ရှင်ဇာတ်ကားကြီး ရိုက်ကူးဖို့ထက်ပိုပြီးတော့ အရေးကြီးနေတာကိုတွေ့ရတော့ သုသုတို့ ရိုက်ကွင်းတစ်ခုလုံးကို ရက်ရွှေ့လိုက်ပြီး ရေဘေးနဲ့ပတ်သက်တဲ့ကယ်ဆယ်ရေး၊ ပရဟိတပွဲအချို့မှာ သုပါဝင် ကူညီပေးဖြစ်နေပါတယ်။ ပန်းဒေါင်းရုပ်ရှင် ဇာတ်ကားကြီးကိုတော့ သုတို့သြဂုတ် ၁၉၊ ၂၀ လောက်မှပဲ စရိုက်ဖြစ်ပါတော့မယ်။ အခုလောလောဆယ်က အနုပညာရှင်တော်တော်များများလဲ ကားရိုက်တွေကိုရပ်နားပြီး ရေဘေးသင့်ပြည်သူတွေကို ကူညီဆောင်ရွက်ပေးနေတဲ့ အနုပညာရှင်ကများတဲ့အတွက် သုကိုယ်တိုင်လဲရေဘေးသင့်ပြည်သူတွေအတွက် ကိုယ်နိုင်တဲ့ အင်အားလေးနဲ့ပါဝင်ကူညီပေးဖြစ်နေပါတယ်။ အခုဆိုရင် အနုပညာအလုပ်တွေ အားလုံးနီးပါးကို ရပ်နားထားပြီးတော့ ရေဘေးသင့်ပြည်သူတွေအတွက် ပါဝင်ဆောင်ရွက်ပေးဖြစ်နေတယ်။ သု ကိုခန့်တို့မေတ္တာသိင်္ဂဟမှာလဲငွေလှူဖြစ်တယ်။ နောက်MEP ကလုပ်တဲ့ပွဲမှာလဲ သုတို့ ပါဝင်ပေးဖြစ်တယ်။ နောက်စာနာထောက်ထား အနုပညာရှင်များ ဆိုပြီး အန်ကယ်လေးတို့နဲ့သုကလေးကိုလဲ ကိုယ်တိုင်ကိုယ်ကျသွားရောက်ပြီးကူညီလုပ်ကိုင်ပေးဖြစ်တယ်။ ရေဘေးသင့်ပြည်သူတွေအတွက်အခုချိန်မှာ အားလုံးကပူးပေါင်းပြီးတော့ ကူညီဆောင်ရွက်ပေးဖြစ်နေပေမဲ့လဲ သူတို့တွေအတွက် အကူအညီတွေက လိုအပ်နေပါသေးတယ်။ ရေတွေ အရမ်းကြီးနေတဲ့ အတွက်အလှူရှင်တွေသွားလို့မရလို့ပြည်သူတွေ ဒုက္ခရောက်နေတယ်လို့ကြားရတဲ့ အတွက်သူတို့တွေကို တတ်နိုင်တဲ့သူတွေ အနေနဲ့သွားရောက်ကူညီပေးစေချင်ပါတယ်။"လို့ သူမက တိုက်တွန်းလိုက်ပါတယ်။
ဒါ့အပြင် သူမက ဆက်ပြီး "ရေဘေးသင့်နေတဲ့ပြည်သူတွေအတွက် အားလုံးက အကူအညီတွေလဲပေးကြတယ်။ အလှူငွေတွေပါဝင်လှူဒါန်းကြပေမဲ့ သူတို့တွေအတွက်ပြန်လည် ထူထောင်ရေးမှာ ဒီထက်ပိုလှူဒါန်းဖို့ လိုအပ်နေသေးတယ်လို့ သုထင်ပါယတ်။ အခုလိုမျိုးရေကြီးရေလျှံတာတွေဖြစ်သွားတဲ့အတွက် အသက်အိုးအိမ်ဆုံးရှုံးရတဲ့အခါကျတော့ သူတို့တွေအတွက် ဘ၀အသစ်ကိုပြန်ရမှာပါ။ အဲ့ဒီလိုအချိန်မှာလဲ အားလုံးက ပါဝင်ကူညီပေးစေချင်ပါတယ်။ ရေဘေးသင့်ပြည်သူတွေကို သုပြောချင်တာကတော့ သုကိုယ်တိုင် ဆရာဝန်တစ်ယောက်ဖြစ်တဲ့အတွက် ကျန်းမာရေးကိုအဓိကထားပြီး နေပါလို့မှာချင်ပါတယ်။ ကျန်းမာရေးကိုဂရုစိုက်ဖို့လိုအပ်သလို တစ်ကိုယ်ရေ သန့်ရှင်းရေးနဲ့အစားအသောက်တွေ စားတဲ့နေရာမှာလဲ ဂရုတစိုက်စားသောက်ဖို့ မှာချင်ပါတယ်။ ရေဘေးသင့်ပြည်သူတွေအားလုံး အခုဆိုရေကျတဲ့နေရာတွေကလဲ ကျနေပြီ။ အနုပညာရှင်တွေ အပြင် မြန်မာပြည်သူပြည်သားတွေကလဲ တတ်နိုင်သလောက် ကူညီပေးကြတယ်။ အလှူငွေတွေကောက်ခံပေးကြတယ်။ အဲ့ဒါကြောင့် အားမလျှော့ပါနဲ့လို့။ စိတ်ဓာတ်လဲ မကျပါနဲ့လို့။ ပြန်လည်ထူထောင်ရေးအတွက်လဲ အားလုံးကစဉ်းစားပြီး အစီအစဉ်တွေဆွဲနေကြပါတယ်"လို့ ဆိုသွားပါတယ်။
Source:trend.com.mm
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment