ရေဘေးမှာ ကိုယ်တိုင်ကိုယ်ကျ သွားရောက်ကူညီခွင့်ရတဲ့အတွက် ပီတိဖြစ်မိတယ်ဆိုတဲ့ ရွှေသမီး


ကားရိုက်ပိုင်းကို ၉လပိုင်းမှပြန်စမယ်လို့ပြောလာတဲ့ ရွှေသမီးက လက်ရှိမှာ ရေဘေးနဲ့ပတ်သက်တဲ့ ရန်ပုံငွေပွဲများ၊ အလှူငွေကောက်ခံရေးနဲ့ ကိုယ်တိုင်ကိုယ်ကျပါဝင်သွားရောက်ကူညီပေးနေမှုကြောင့် ဗီဒီယိုရိုက်ကူးမှုကို ၉လပိုင်းမှာစတင်ရိုက်မယ်လို့သိရတာကြောင့် သူမရဲ့အနုပညာလှုပ်ရှားမှုများနဲ့ ရေဘေးအကြောင်း တစ်စေ့တစ်စောင်းမေးမြန်းကြည့်တဲ့အခါ
"ရေဘေးနဲ့ပတ်သက်ပြီး ကိုယ့်မြန်မာနိုင်ငံတွင်းမှာပဲ ဖြစ်နေတဲ့အတွက် ကိုယ့်တစ်မြေတည်းနေတစ်ရေထဲသောက်တဲ့သူတွေ အခုလိုမျိုးဖြစ်တဲ့အတွက်ကိုယ်ချင်းလဲစာတယ်။ တစ်ကယ်လဲဝမ်းနည်းတယ်။ ညီမတို့အနုပညာရှင်တွေတော်တော်များများလဲ ခုဆိုရင်ရေဘေးနဲ့ပတ်သက်တဲ့ ပရဟိတတွေလုပ်ကြတယ်။ တော်တော်များများကလဲ သွားရောက်ကူညီပေးနေကြတယ်။ ညီမကိုယ်တိုင်လဲ ရုပ်ရှင်အစည်းအရုံးကလုပ်သွားတဲ့ MEP ကလုပ်သွားတဲ့ပွဲလေးမှာလဲ တတ်နိုင်သလောက် ပါဝင်ကူညီပေးဖြစ်တယ်။ အဲ့ဒါပြီးတော့ Online Donation တည်ထောင်တဲ့သူတွေနဲ့အားလုံးစုပြီး Junction Square , Junction 8 ရယ်မှာသွားပြီးတော့ အလှူခံတယ်။ နောက်ထပ် ညီမတို့ရုပ်ရှင်အစည်းအရုံးနဲ့အတူတူ ဟားခါး၊ ကလေးဖက်ထိသွားတယ်။ နောက်ပျိုးခင်းကညီမတို့ရဲ့ဆရာကိုခန့်တို့အဖွဲ့မှာလဲ ပါဝင်ကူညီပေးဖြစ်တယ်။ အခုလက်ရှိမှာ ကိုယ်တတ်နိုင်တဲ့အားလေးနဲ့ကိုယ်တိုင်ကိုယ်ကျလိုက်လုပ်ပေးဖြစ်တယ်ပေါ့။ နောက်ပိုင်းတော့ ပြန်လည်ထူထောင်ရေးမှာပဲ ပိုပြီးတော့ သေချာလေးထပ်လုပ်ပေးဖြစ်ပါမယ်။ အခုလို ပါဝင်ကူညီပေးခွင့်ရတဲ့အတွက်လဲ အရမ်းဝမ်းသာမိတယ်။
ကိုယ်တတ်နိုင်တဲ့အားလေးနဲ့တစ်ထောင့်တစ်နေရာကနေပါဝင်ကူညီခွင့်ရတာကိုက ညီမပီတိဖြစ်မိတယ်။ ကိုယ်လုပ်နေရင်းနဲ့တခြားသူတွေပါအလှူလိုက်ခံနေတာကိုမြင်ရင်လဲအားတက်တယ်။ ကိုယ့်နိုင်ငံအတွက်ဒီလိုလေးလုပ်ပေးကြတယ်ဆိုတာကိုမြင်နေရတယ်။ ကြားနေရတယ်။ ဖေ့စ်ဘုတ်မှာဆိုလဲဒီသတင်းတွေကြီးပဲ။ ကူညီပေးနေကြတဲ့ လူငယ်တွေကိုမြင်ရတာလဲအားတက်ပါတယ်။ ရေဘေးသင့်ပြည်သူတွေအားလုံးကို ပြောချင်တာက အဓိကကတော့ အားမငယ်ဖို့ပါပဲ။ အစစအရာရာ ဂရိုစိုက်ရမယ်။ ရေကျသွားရင် ပြန်လည်ထူထောင်ရေးမှာ သူတို့ဒီ့ထက်ကို ပိုပင်ပန်းမယ်။ နေတာထိုင်တာကအစ အစအဆုံးပြန်ပြုပြင်ရမှာဖြစ်တဲ့အတွက် သူတို့တွေ စိတ်အားထက်သန်နေမှဖြစ်မယ်။ လူတစ်ယောက်ကစိတ်ပဲလေ။ စိတ်လျှော့လို့မရဘူး။ အားမငယ်ပါနဲ့။ အားမလျှော့ပါနဲ့။ မြန်မာတစ်နိုင်ငံလုံးကလူတွေအားလုံးကလဲ တစ်ဖက်တစ်လမ်းမှကူညီနေကြတဲ့အတွက်အားမငယ်ကြဖို့ပဲမှာချင်ပါတယ်။"လို့ သူမက ပြောပါတယ်။
ကားရိုက်ပိုင်းနဲ့ပတ်သက်ပြီးတော့လည်း သူမက "အရှေ့မှာတော့ ဗီဒီယိုကားလေးတွေ ဆက်တိုက်ရိုက်ပေးဖြစ်တယ်။ ဒါပေမဲ့ ရေဘေးကလဲ ရှိနေတော့ ကားရိုက်က အရမ်းတော့ မရိုက်ဖြစ်ဘူး။ ရေဘေးနဲ့ပတ်သက်တဲ့ နေရာတွေမှာ ပါဝင် ကူညီပေးဖြစ်နေပါတယ်။ လွန်ခဲ့တဲ့သုံးရက်တော့ ကိုခန့်နဲ့ဗီဒီယိုကားလေးတစ်ကားရိုက်ထားသေးတယ်။ ဒေါ်မြခေတ်နှင့်သားမက်သုံးယောက်တဲ့။ ဟာသကားလေးပါပဲ။ အဲ့ဒီကားလေးထဲမှာ ညီမကအိမ်ထောင်သည် သမီးသုံးယောက်နဲ့အမေတစ်ယောက်ပေါ့။ အပျော်ဟာသလေးပါပဲ။ ညီမကြားထဲမှာတော့ ဘာမှမရှိသေးဘူး။ ၉လပိုင်းမှာတော့ ကားရိုက်တွေပြန်စပါမယ်။ ၉လပိုင်းထဲမှာ ကားကြီးတစ်ကားပြောထားတယ်။ ဒါပေမဲ့ သေချာတိကျပြီဆိုရင်တော့ ပရိသတ်ကြီးကိုပြန်ပြောပြပါ့မယ်"တဲ့။
Source:trend.com.mm
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment