လက်ရှိမှာ ရေဘေးသင့်ပြည်သူတွေအတွက် အလှူငွေကောက်ပေးဖြစ်နေသလို ရေဘေးသင့်ရန်ပုံငွေ ပွဲတွေမှာ အများဆုံးတွေ့လာရတဲ့ ၀ိုင်းစုခိုင်သိန်းက သူမရဲ့ ခါချနေရတယ် အမ်တီဗီကို ဆယ်လပိုင်းမှာ ထွက်နိုင်အောင် အကောင်းဆုံးနဲ့ အမိုက်ဆုံး ရိုက်ကူးနေပေမဲ့ ရာသီဥတုအနေအထားကိုကြည့်ပြီး ရက်ရွှေ့ဖြစ်မယ်လို့ ဆိုလာပါတယ်။ ဒီအကြောင်းနဲ့ ပတ်သက်ပြီး သူမရဲ့ အမ်တီဗီရှုတင်တစ်ခုမှာ တွေ့ဆုံခိုက် ဂီတအကြောင်းနဲ့တိုတိုထွာထွာ အနုပညာအကြောင်းမေးမြန်းဖြစ်တဲ့အခါ
"အခုရိုက်နေတဲ့သီချင်းလေးက ခါချနေရတယ် အခွေထဲက လေလှိုင်းထဲက သီချင်းသံဆိုတဲ့ ကိုဖိုးကာနဲ့တူတူဆိုထားတဲ့ သီချင်းလေးကို ရိုက်နေတာပါ။ ခါချနေရတယ် အခွေထဲက သီချင်းတွေကိုအမ်တီဗီ ရိုက်ထားတာ ၁၁ ပုဒ်လောက်တော့ပြီးပြီ။ နေရာတွေကတော့ ရန်ကုန်မှာများတယ်။ ပြည်ပမှာတော့ ၀ိုင်းစု ကိုRဇာနည်နဲ့ ဆိုထားတဲ့ သီချင်းလေးကို အမေရိကားမှာ ရိုက်လာတယ်။ အဲ့ဒီ တစ်ပုဒ်တော့ပါမယ်။ အစက ၀ိုင်းစု၁၀လပိုင်း ထွက်ဖို့မှန်းထားတာပေါ့။ ဒါပေမဲ့ ရာသီဥတုက ဘာမှန်း မသိသေးတော့ ရာသီဥတုကောင်းရင်တော့ ထွက်မယ်။ မကောင်းရင်တော့ နောက်နည်းနည်း ဆုတ်ပါမယ်။ ဒီအခွေက သရုပ်ဆောင်အဆိုတော်တွေ အားလုံး စုံသလို အမ်တီဗီကို မျိုးစုံ ရိုက်ထားတယ်။ Story ပုံစံလေးတွေလဲ ရိုက်ထားတယ်။ နောက်သီချင်း အမ်တီဗီပုံစံခပ်မိုက်မိုက်လေးတွေလဲ ရိုက်ထားတယ်။ အဆိုကဒ် အလှကဒ်လေးတွေလဲ ပါတယ်။ ဒီအခွေပြီးရင် ၀ိုင်းစုနောက်ထပ် တစ်ခွေထပ်ထွက်မယ်။ အစက နယ်ရှိုးတွေဒီရက်ပိုင်းမှာလက်ခံထားတယ်ပေါ့။ ဒါပေမဲ့ ရေဘေးကြောင့် ရက်တွေရွှေ့လိုက်ရတယ်။ ရက်တွေနောက်ဆုတ်သွားတယ်ပေါ့။"လို့ သူမက ပြောပြသွားပါတယ်။
ရေဘေးနဲ့ပတ်သက်ပြီး တော့လဲ သူမရဲ့စိတ်ခံစားချက်ကို သူမက "စိတ်မကောင်းဘူး။ ကိုယ်ကိုတိုင်နဲ့ကိုယ်ချင်းစာပြီး စိတ်မကောင်းဖြစ်မိတယ်။ အိမ်တွေဆိုလဲ မြုပ်သွားတယ်။ နုံးမြေတွေပဲ ကျန်ခဲ့တယ်။ သူတို့မှာ အလုပ်အကိုင်တွေ၊ အိမ်တွေ ဘာဆိုဘာမှ မရှိတော့ဘူး။ တော်တော်လေးလဲ စိတ်မကောင်းဖြစ်ရပါတယ်။ ရေဘေးနဲ့ပတ်သက်ပြီး ၀ိုင်းစုတောက်လျှောက် အလှူလုပ်ဖြစ်ပါတယ်။ ဦးမင်းကိုနိုင်တို့နဲ့လဲ အလှူငွေ လိုက်ကောက်ပေးဖြစ်တယ်။ ၀ိုင်းစုရဲ့ Fan တွေနဲ့လဲ အလှူငွေ လိုက်ကောက်တယ်။ နောက် MEP မှာလဲ အုန်းနို့ခေါက်ဆွဲတစ်ရက်၊ ကြာဇံချက်တစ်ရက်ရောင်းတယ်။ နောက်ပြီး အလှူငွေ We Love Wine Su Khine Thein ကနေ အလှူငွေသိန်း ၂၀လှူဖြစ်တယ်။ နောက်ပြီး ပြန်လည်ထူထောင်ရေးအတွက်လဲ ထပ်လှူဖို့ရှိပါသေးတယ်။ ရေဘေးနဲ့ပတ်သက်ပြီး ၀ိုင်းစုသီချင်းတွေလဲလိုက်ဆိုပေးဖြစ်တယ်။ အလှူငွေလိုက်ကောက်ပေးဖြစ်တယ်။ အခုလို ကိုယ့်ပြည်သူပြည်သားတွေအတွက် ကိုယ့်အနုပညာနဲ့အပင်ပန်းခံလိုက်လုပ်ပေးရပေမဲ့ ပင်ပန်းတယ်လို့လဲဝိုင်းစု မမြင်ပါဘူး။ ကိုယ်ရလာတဲ့ အလှူငွေက ကိုယ်လှူလိုက်တဲ့ အလှူငွေက သန့်လဲသန့်ရှင်းတယ်။ ကုသိုလ်လဲရတယ်လို့ ၀ိုင်းစု ခံစားမိပါတယ်။ ရေဘေးသင့်တဲ့နေရာတွေကို ဦးမင်းကိုနိုင်တို့သွားဖို့ရှိသေးမယ်ဆိုရင် ၀ိုင်းစုလဲ အားရင် အဆင်ပြေရင်တော့ လိုက်ဖြစ်ပါမယ်။ ရေဘေးသင့်ပြည်သူတွေအားလုံး ဘာမှစိတ်အားမငယ်ပါနဲ့လို့။ ၀ိုင်းစုတို့အနုပညာရှင်တွေအားလုံးလဲ အကောင်းဆုံးဖြစ်အောင်ပြန်လည် တည်ဆောက်ရေး အတွက်ကြိုးစားနေတယ်။ နောက်ထပ်ပြန်လည်ထူထောင်ရေး အတွက် ဘယ်လိုမျိုး အလှူငွေတွေ ကောက်ခံပေးသွားမယ်ဆိုတာကိုလဲ အစီအစဉ်ဆွဲနေပါတယ်"တဲ့။
ကားရိုက်ပိုင်းနဲ့ပတ်သက်ပြီးတော့ ကားသိပ်မရိုက်ဖြစ်တော့ဘူးလို့ဆိုတဲ့ ၀ိုင်းစုက ရိုက်ဖြစ်ရင်တော့ သူမကြိုက်တဲ့ ကာရိုက်တာ၊ ပရိသတ်အတွက်ကျန်မယ့် ကာရိုက်တာတွေပဲ ရိုက်ဖြစ်တော့မယ်လို့ ဆိုပါတယ်။ ကားရိုက်ဖက်ထက် ဂီတဖက်ကိုပဲ ပိုမိုဦးစားပေး လုပ်ဆောင်သွားမယ်ဆိုတဲ့ ၀ိုင်းစုခိုင်သိန်းက အိမ်ထောင်သက် တစ်နှစ်ကျော်ရှိနေပြီဖြစ်တာကြောင့် ရင်သွေးယူမယူမေးကြည့်ဖြစ်တော့ ရင်သွေးလေးကိုတော့ ၂၀၁၆ မှာယူဖြစ်မယ်လို့ပြောပြသွားခဲ့ပါတယ်။
Source:trend.com.mm
0 comments:
Post a Comment