တောင်ပြုံးပွဲတော် စည်းကားစွာကျင်းပလျက်ရှိ


 မတ္တရာ သြဂုတ် ၂၅

 နှစ်စဉ် ဝါခေါင်လဆန်း ၇ ရက်မှ ဝါခေါင်လပြည့်နေအထိ ကျင်းပမြဲဖြစ်သော တောင်ပြုံးပွဲတော်သည် ယခုနှစ်တွင် ဝါခေါင်လဆန်း ၈ ရက် ဥပုသ်နေ့နှင့် တနင်္ဂနွေရုံးပိတ်ရက် တိုက်ဆိုင်ခဲ့သောကြောင့် ဘုရားဖူးဧည့်သည်များ၊ တောင်ပြုံး မင်းနှစ်ပါး ပန်းဆက်သူများဖြင့် စည်ကားလျက်ရှိသည်။

ပွဲတော်ကာလအတွင်း တောင်ပြုံးဆုတောင်းပြည့်ဘုရားနှင့် ဆုတောင်းရ ဘုရားတွင် ဘုရားဖူးပြည်သူများဖြင့် စည်ကားနေသကဲ့သို့ တောင်ပြုံးမင်းနှစ်ပါး နန်းသို့သွားရာ လမ်းတစ်လျှောက်ရှိ ဘောင်းတော်ရောင်းဆိုင်များ၊ ပန်းဆိုင်များ တွင်လည်း ဈေးဝယ်သူများဖြင့်စည်ကားလျက်ရှိသည်။ မင်းနှစ်ပါးနတ်နန်းတွင်မူ ပန်းဆက်သူများ၊ ဘောင်းတော်ဆက်သူများ၊ ကန်တော့ပွဲထိုးသူများဖြင့် ကြိတ် ကြိတ်တိုးစည်ကားလျက်ရှိသည်ကို တွေ့ရသည်။

တောင်ပြုံးဆုတောင်းပြည့်ဘုရားနှင့် ဆုတောင်းရဘုရားများရှိ အလှူခံဌာန နှင့် အလှူခံပုံးများသို့ တောင်ပြုံးပွဲတော် လာရောက်သူများက လှူဒါန်းထားမှုမှာ သြဂုတ် ၂၃ရက်အထိ ငွေကျပ် ၁၅၆ သိန်းကျော်ရှိပြီဖြစ်ကြောင်း တောင်ပြုံးပွဲ တော် ဘဏ္ဍာရေးကော်မတီမှ သိရသည်။ ပွဲတော်သို့လာရောက်သူများ သွားလာ ရေးအဆင်ပြေရေးအတွက် ရွာပတ်လမ်း၊ ဈေးလမ်းများကို ကတ္တရာလမ်းနှင့် ကျောက်ချောလမ်းများ ခင်းပေးခဲ့ပြီး အဆင်မြင့်ရေလောင်းအိမ်သာများကိုလည်း ဆောက်လုပ်ပေးခဲ့ကြောင်း သိရသည်။

တောင်ပြုံးပွဲတော်သို့ လာရောက်သူများသည် ယခင်က မီးရထားကိုသာ အများဆုံးအသုံးပြုပြီး လာရောက်ကြရာ မတ္တရာဘူတာနှင့် သူရဲဈေးဘူတာ အသွားအပြန် ရထားအားလုံးမှာ ခရီးသည်များပြည့်လျှံနေခဲ့ပြီး ယခုအခါ ဆိုင်ကယ်နှင့်ကားများ ပေါများလာသည့်အတွက် မီးရထားနှင့်လာသူ နည်းပါး လာသည်ကို တွေ့ရသည်။ ကားများ၊ ဆိုင်ကယ်များကို အသုံးများလာခြင်းကြောင့် မန္တလေး-မိုးကုတ်ကားလမ်းရှိ တောင်ပြုံးလမ်းခွဲအနီးနှင့် တောင်ပြုံးလမ်း တစ်လျှောက်တွင် လမ်းပိတ်ဆို့မှုများလည်း ဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။

စိုးကျော်သူထွေး(မတ္တရာ)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment