ဂျပန် မောင်းသူမဲ့ ကုန်တင်အာကာသယာဉ် နိုင်ငံတကာ အာကာသစခန်းသို့ ဆိုက်ရောက်


တိုကျို သြဂုတ် ၂၅

လွန်ခဲ့သည့်ရက်သတ္တပတ်က ဂျပန်နိုင်ငံ က လွှတ်တင်ခဲ့သော မောင်းသူမဲ့ ကုန်တင် အာကာသယာဉ်သည် စားနပ်ရိက္ခာနှင့် အခြား ထောက်ပံ့ရေးပစ္စည်းများကို လွှဲပြောင်းပေး နိုင်ရန် နိုင်ငံတကာအာကာသစခန်းယာဉ်သို့ သြဂုတ် ၂၄ ရက်တွင် ဆိုက်ရောက်ခဲ့ကြောင်း ဂျပန်လေကြောင်း အာကာသစူးစမ်းလေ့လာ ရေးအေဂျင်စီက ထုတ်ပြန်ကြေညာသည်။

အဆိုပါ ကုန်တင်အာကာသယာဉ်မှာ ဂျပန်နိုင်ငံက သုတေသနပြု တည်ဆောက်ခဲ့ သော ကုနို့တိုရီ-၅ အမည်ရှိ အာကာသယာဉ် ဖြစ်သည်။ အလေးချိန် ၅ ဒသမ ၅ တန်ရှိ ထောက်ပံ့ရေးပစ္စည်းများနှင့် သိပ္ပံစူးစမ်း လေ့လာရေးကိရိယာများကို တင်ဆောင်လာ ခဲ့သည်။

နိုင်ငံတကာ အာကာသစခန်းယာဉ်ပေါ်၌ ရှိနေသော ဂျပန်လူမျိုး အာကာသယာဉ်မှူး ကိမိယယူရိသည် အာကာသစခန်းယာဉ်၌ သယ်ယူပို့ဆောင်ရေး အာကာသယာဉ် ဆိုက်ကပ်နိုင်စေရန် စက်ရုပ်လက်တံတစ်ခုကို အသုံးပြုခဲ့သည်ဆို၏။

အမေရိကန်လေကြောင်း အာကာသနှင့် အာကာသအဖွဲ့(နာဆာ)၏ ထိန်းချုပ်ရေး ခန်းမ၌ ရောက်ရှိနေသော ဂျပန်လူမျိုး အာကာသယာဉ်မှူး ကိုအိချိဝါကာတာက ယူရိ နှင့် ဆက်သွယ်ကာ ကုန်တင်အာကာသယာဉ် ဆိုက်ကပ်နိုင်စေရန် အကူအညီပေးခဲ့သည်။

ကုနို့တိုရီ ကုန်တင်အာကာသယာဉ်၏ ခရီးစဉ်ကို ဂျပန်လေကြောင်းအာကာသ စူးစမ်းလေ့လာရေးအေဂျင်စီ၏ ဆုကုရာ အာကာသစခန်းမှ အဖွဲ့တစ်ဖွဲ့က ထိန်းချုပ် ပေးခဲ့သည်။ အဆိုပါ အာကာသစခန်းသည် အီဘာရာကီခရိုင်၌ တည်ရှိသည်။

ဂျပန်နိုင်ငံ အနောက်တောင်ပိုင်း ကာဂိုရှိမခရိုင်ရှိ တာနီဂါရှိမ အာကာသစခန်းမှ အိပ်ခ်ျ-၂ ဘီ အမျိုးအစားဒုံးပျံယာဉ်ဖြင့် ကုန်တင်အာကာသယာဉ်ကို သြဂုတ် ၁၉ ရက်က လွှတ်တင်ခဲ့သည်။

ကျိုတို။
The Mirror Daily
https://www.facebook.com/TheMirrorDaily
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment