ဟားခါးမြို့က ပြိုကျသွားတဲ့ အိမ်တချို့ (Credit: AFP) |
မကွေးတိုင်း ပွင့်ဖြူ မြို့နယ်မှာ ရွာသား ၃၀ ကျော်နဲ့ စစ်ကိုင်းတိုင်းမှာလည်း ရွာသား ၄၀ လောက်ကို ၀မ်းပျက်ဝမ်းလျှော ရောဂါတွေအတွက် ကုသမှုတွေပေးခဲ့ရကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ဒေါက်တာ စိုးလွင်ငြိမ်းက ပြောပါတယ်။
ရေသန့်ဗူး နဲ့ ကလိုရင်းစတဲ့ ရေသန့်စေတဲ့ အမှုန့်တွေကို အာဏာပိုင်တွေက စတင်ဖြန့်ဝေပေးနေပြီလို့ သိရပါတယ်။
ကုလသမဂ္ဂရဲ့ ထုတ်ပြန်ချက်အရ ရေဘေးကြောင့် လူပေါင်း ၁၀၀ ကျော် သေဆုံးခဲ့ရသလို ၁.၃ သန်းဟာလည်း ရေဘေးကြောင့် ဒုက္ခရောက်ရတယ်လို့ ဆိုပါတယ်။
အထူးသဖြင့် ရခိုင်ပြည်နယ်၊ စစ်ကိုင်း၊ မကွေး နဲ့ ဧရာဝတီ တိုင်းတွေမှာ ရေဘေးဒဏ် အဆိုးဆုံး ခံရပြီး သောက်ရေ သုံးရေအတွက် များစွာ အခက်အခဲ ကြုံနေရကြောင်း သိရပါတယ်။
မကွေးတိုင်း ပွင့်ဖြူမြို့နယ်က ရွာသားတွေဟာ လုံခြုံတဲ့ တခြားနေရာတွေမှာ ယာယီနေထိုင် နေရပါတယ်။
ရေတွင်းရေကန် အများအပြားဟာလည်း ရေဆိုးတွေ ၀င်ရောက်ခဲ့လို့ ပျက်ဆီးမှု များခဲ့သလို ခြံမွေးတိရစ္ဆန်တွေအတွက်လည်း အစားအစာနဲ့ လုံခြုံမှုဟာ အထူး စိုးရိမ်နေရပါတယ်။
မုန်သုန်းမိုးရည်တွေကို စုဆောင်းနိုင်ဖို့အတွက် ရေကန်တွေထဲက ရေဆိုးရေညစ်တွေကို စုပ်ထုတ်နေရကြောင်း နဲ့ ရေသန့်တွေ ပြန်လည် မစုဆောင်းနိုင်ခဲ့ရင် ပူပြင်းတဲ့ ရာသီတွေမှာ ရွာသားတွေအတွက် အခက်အခဲများစွာနဲ့ ရင်နိုင်နိုင်ရတယ်လို့ ရခိုင်ပြည်နယ်အစိုးရရဲ့ အတွင်းရေးမှူး ဦးတင်မောင်ဆွေက ပြောပါတယ်။
အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီအဖွဲ့ရဲ့ အကူအညီနဲ့ ရခိုင်ပြည်နယ်မှာ မိုးရည်သိုလှောင်ရေး အစီအစဉ်တွေကို အထူးဦးစားပေး လုပ်ဆောင်နေတယ်လို့ သိရပါတယ်။
ဧရာဝတီမြစ်ဝကျွန်းပေါ်က ညောင်တုန်းမြို့နယ်မှာလည်း ရွာ ပေါင်း ၂၀၀ ကျော်လောက် သောက်သုံးရေ ပြတ်လတ်မှုတွေနဲ့ ရင်ဆိုင်နေရတယ်လို့ သိရပါတယ်။
ယာယီနေထိုင်ရေးစခန်းတွေက ဒုက္ခသည်တွေဟာ ၀ါးနဲ့ လုပ်ထားတဲ့ အခင်းတွေ နဲ့ အတူ အလျှူရှင်တွေ လျှူဒန်းတဲ့ သောက်ရေသန့်တွေကို အားထားမှီခိုနေရကြောင်း သိရပါတယ်။
ABC Radio Australia
http://www.radioaustralia.net.au/burmese
0 comments:
Post a Comment