တစ်ဖန်ပြန်ခေတ်စားလာတဲ့ မျက်ခုံးမွှေး တစ်ပိုင်းပြတ် အပြင်အဆင်


ပျိုမေတို့ တစ်နေ့တာ အလှပြင်ခြယ်သရာမှာ မျက်ခုံးမွှေးခြယ်သတာကလည်း အရေးပါနေပြန်ပါတယ်။ ဇင်ယော်မျက်ခုံးမွှေးတွေ၊ မျက်ခုံးမွှေး အထူးအပြားလိုက်ဆွဲတာမျိုးတွေ အလှည့်ကျ ခေတ်စားနေခဲ့တာလည်း အားလုံးအသိပါ။ ဒါအပြင် မျက်ခုံးဖောက်ပြီး အလှဆင်ထားတာ၊ မျက်ခုံးမွှေးကိုပဲ အညို၊ အနက်ရောင်တွေအပြင် ကာလာစုံအောင် အရောင်ဆိုးတာစတာတွေကလည်း တော်တော်လေးကို ခေတ်စားခဲ့ပါသေးတယ်။
ခုတစ်ခါကတော့ မျက်ခုံးမွှေးကို အပြတ်အပြတ်လေးဖြစ်အောင် ဘရိတ်ဓားနဲ့ ရိတ်ထား၊ ခြစ်ထားတဲ့ အပြင်အဆင်ဟာ တော်တော်လေး ရေပန်းစားလာပြန်ပါတယ်။  instagram မှာ စတင်ခေတ်စားလာခဲ့တဲ့ ဒီပြင်ဆင်ခြယ်သနည်းဟာ တကယ်တော့ ဟိုးအရင်ကတည်းက လူငယ်တွေ သဘောကျလက်ခံခဲ့ကြတာပါ။ ခုတော့ ဒါကို ရိတ်တဲ့သူကလည်း ရိတ်၊ မရိတ်ရဲတဲ့သူကလည်း ပေါင်ဒါတွေဘာတွေသုံးပြီး ပြင်ဆင်ခြယ်သလာခဲ့ပြန်ပါပြီ။
ဟိုးအရင်က သင်ဟာ Bow Wow လိုရက်ပ်ပါမျိုးတွေအပြင် အခြားရက်ပ်ပါတော်တော်များများလည်း သူတို့မျက်ခုံးမွှေးတွေကို ခုလို စတိုင်တစ်ခုထွင်ကာ ရိတ်ခဲ့ကြပါသေးတယ်။ ဒီမျက်ခုံးမွှေးဘယ်အချိန်က ဘယ်လိုစပြီး ခေတ်စားခဲ့တယ်ဆိုတာကတော့ ပြန်ခြေရာခံဖို့ ခက်ခဲပါတယ်။  တစ်ချို့တွေကျတော့လည်း အဲ့ဒိလို မျက်ခုံးမွှေးအပြတ်အပြတ်လေးဖြစ်ပြီး ဒဏ်ရာ အမာရွတ်လို ကျန်နေတာကို သဘောကျကြတယ်လို့ ဆိုပါတယ်။ ဒီအပြင်အဆင်ကို သဘောကျပေမယ့် တစ်ချို့ မျက်ခုံးမွှေးတွေက ပြန်ပေါက်ဖို့ မဖြစ်နိုင်တာကြောင့် ရမ်းပြီး ရိတ်ကြည့်ဖို့တော့ မလွယ်ပါဘူး။ စမ်းကြည့်ချင်တယ်ဆိုရင်လည်း စမ်းကြည့်ပေါ့လေ။
Ref:popsugar

Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment