ဆံပင်သားတွေ မွဲခြောက်နေတာမို့ စိတ်ညစ်နေရပါသလား၊ အခြားသူတွေရဲ့ ဆံပင်သားက ကြည့်လိုက်တာနဲ့ ပိုးသားလေးလို့ နူးညံ့ပြီး ပြောင်တင်းတင်းလေး ဖြစ်နေပေမယ့် သင့်ဆံပင်ကတော့ အဆီအနှစ်မရှိသလို အရောင်မွဲနေလို့ ဘာလုပ်ရမှန်းမသိဖြစ်နေတယ်ဆို ခုလို အာဟာရဖြစ်စေတဲ့ အစားအစာတွေ များများစားပေးဖို့ တိုက်တွန်းပါရစေ။ ဒီအစားအစာတွေက ဦးရေပြားရဲ့ ပရိုတိန်းဓာတ်ကို နှိုးဆွပေးတဲ့အပြင် ဦးရေပြား ရဲ့ မွှေးညှင်းပေါက်လေးတွေ သွေးလှည့်ပတ်မှုနှုန်းကို မြန်စေနိုင်ပါတယ်။
အခုဖော်ပြပေးမှာကတော့ ပိုကျန်းမာစေဖို့ ၊ ပိုသန်စွမ်းစေဖို့နဲ့ ပိုမိုတောက်ပစေဖို့ သင့်ကို ကူညီပေးနိုင်တဲ့ အစားအသောက်တွေပါပဲ။ ဒါ့အပြင် မျက်တောင်နဲ့ လက်သည်းတွေကိုလည်း ပိုမို အားပြည့် သန်စွမ်းစေနိုင်ပါတယ်။
(၁) ဆန်ညို
ဆန်ညိုမှာ ပါဝင်တဲ့ သံဓါတ်နဲ့ ဗီတာမင် B ဓါတ်တို့ဟာ ဆံပင်ရဲ့ ဆွဲနိုင်ကျုံ့နိုင်အားကို တိုးတက်စေပြီး ဆံပင် ကြွတ်ဆတ်ဆတ်ဖြစ်နေတာကို ကာကွယ်ပေးပါတယ်။
(၂) ဆေးဘဲဥ
ဇင့် ၊ ဆာလဖာနဲ့ ကလိုရင်ဓါတ်တွေအားလုံးဟာ အာဟာရ ပြည့်ဝစေတာချည်းပဲ ဖြစ်တာကြောင့် သင့်ဆံပင်ကို အကောင်းဆုံး အကူအညီပေးနိုင်ပါတယ်။
(၃) သဖန်းသီး
သဖန်းသီးတွေဟာ သံဓါတ်အလွန်ပေါကြွယ်ဝပါတယ်။ ဦးရေပြား လှည့်ပတ်မှုနှုန်းနဲ့ ဆံပင်ပြန်လည်သန်စွမ်းဖို့ အဓိအကအထောက်အကူပြုတာ သံဓါတ်ပါ။
(၄) ပန်းရောင် ဂရိတ်ဖရုသီး
ဒီအသီးမှာ ဗီတာမင် C ပါဝင်မှုနှုန်း အလွန်မြင့်မားတဲ့အတွက် ဆံပင်ကို ကာကွယ်ရန်နဲ့ အားဖြည့်ရန် အလိုအပ်ဆုံး သော့ချက်ပါပဲ။
(၅) ကိုက်လန်
တောက်ပပြီး ပျော်ရွှင်သန်စွမ်းတဲ့ ဆံပင်တွေရဖို့ ကိုက်လန်ကို များများစားပေးပါ။
(၆) သံလွင်ဆီ
သံလွင်ဆီဟာ ဗီတာမင် E ကြွယ်ဝပြီး ဆံပင်ရဲ့ မွှေးညှင်းပေါက်လေးတွေ သွေးလှည့်ပတ် မှုနှုန်း မြန်ဆန်စေပါတယ်။ ရှင်သန်ကြီးထွားစေဖို့ နှိုးဆွပေးနိုင်ပြီး ဗီတာဓါတ်ပြည့်ဝစေပါတယ်။
(၇) အနီရောင်ဂေါ်ဖီထုပ်
အနီရောင် ဂေါ်ဖီထုပ်တွေက ဆံပင်ကို သန်စွမ်းစေနိုင်ပြီး နေရောင်ခြည်နဲ့ ဓါတတုပစ္စည်းတွေကြောင့်ဖြစ်တဲ့ ဆံပင်ပျက်စီးမှုတွေကို လျော့ချပေးနိုင်ပါတယ်။
Ref:elle
Source:trend.com.mm
0 comments:
Post a Comment