လှေစီးဒုက္ခသည် ၃ဝဝ ရာကျော်ကို ရခိုင်ပြည်နယ် မောင်တောမြို့နယ် တောင်ပြိုလက်ဝဲမြို့နယ်မှာ ဇွန်လ ၄ ရက်နေ့က တွေ့ရစဉ်။ Photo: Khin Maung Soe/RFA |
ဒီအတောအတွင်းမှာပဲ ဘင်္ဂလားဒေ့ရှ်အစိုးရက မြန်မာနိုင်ငံကနေ သူတို့နိုင်ငံတွင်းကို တရားမဝင် လာရောက်နေထိုင်တဲ့ ရိုဟင်ဂျာလူမျိုး ဒုက္ခသည်တွေကို သန်းကောင်စာရင်းကောက်မယ်လို့ မနေ့က ကြေညာလိုက်ပါတယ်။ ရခိုင်ပြည်နယ်နဲ့ နယ်စပ်ဖြစ်တဲ့ ဘင်္ဂလားးဒေ့ရှ်နိုင်ငံ အရှေ့တောင်ပိုင်းမှာ ဝင်ရောက်နေထိုင်သူ အဲဒီ ရိုဟင်ဂျာတွေကို မှတ်တမ်းတင်ဖို့အတွက် အမေရိကန်ဒေါ်လာ သုံးသန်းနီးပါးသုံးစွဲပြီး ဒီနှစ်လယ်ပိုင်းမှာ စတင်ဆောင်ရွက်မှာဖြစ်တယ်လို့ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး Shahidul Haque က ပြောပါတယ်။
အစိုးရရဲ့စာရင်းဇယားတွေအရ ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်းမှာ အထောက် အထား မရှိတဲ့ ရိုဟင်ဂျာဒုက္ခသည် ၂ သိန်းနဲ့ ၅ သိန်းအကြားရှိပြီး မှတ်ပုံတင်ထားတဲ့ ရိုဟင်ဂျာဒုက္ခသည် ၃၂၀၀၀ ကတော့ ကုလသမဂ္ဂကဖွင့်ထားတဲ့ နယ်ခြားဒုက္ခသည်စခန်း ၂ ခုမှာ နေထိုင်ကြတယ်လို့ ဆိုပါတယ်။
RFA Burmese
http://www.rfa.org/burmese
0 comments:
Post a Comment