ဒုက္ခသည်တွေကို စိစစ်နေစဉ် (Credit: Reuters) |
ရခိုင်ပြည်နယ်နဲ့ နီးစပ်တဲ့ နေရာတွေမှာ ဒေါ်လာ ၂.၇ သန်း အကုန်အကျခံပြီးတော့ စာရင်းကောက်ခံသွားမှာ ဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေး ၀န်ကြီး Shahidul Haque က ပြောကြားခဲ့ပါတယ်။
ဘင်္ဂလားဒေ့ရှ်ကို ရောက်နေတဲ့ အထောက်အထားမဲ့ ရိုဟင်ဂျာဦးရေဟာ ခန့်မှန်းခြေကိန်းကဏန်းအရ ၂ သိန်းကနေ ၅ သိန်းအထိ ရှိနိုင်တယ်လို့ ပြောပါတယ်။ ဒီခန့်မှန်းဦးရေဟာ ကုလသမဂ္ဂ အစီအစဉ်နဲ့ နေထိုင်နေရတဲ့ ဒုက္ခသည်ဟာ သုံးသောင်း နှစ်ထောင် အပြင် ရောက်နေတဲ့ ဦးရေ ဖြစ်ပါတယ်။
စာရင်းကောက်ခံမှုတွေကို ဒီနှစ်လည်ပိုင်းကနေစပြီး လုပ်ဆောင်သွားမှာ ဖြစ်တယ်လို့ ဘင်္ဂလားဒေ့ရှ်ဘက်က ပြောပါတယ်။ မြန်မာနိုင်ငံမှာ နိုင်ငံသား ဖြစ်ခွင့်မရကြတဲ့အတွက် ၁၉၉၀ နှစ်လွန်တွေကနေစလို့ ရိုဟင်ဂျာတွေဟာ ဘင်္ဂလားဒေ့ရှ်ဘက် အခြမ်းကို ကူးလာကြတယ်လို့ ဆိုပါတယ်။
မလေးရှားကို သွားဖို့ ကြိုးစားကြတဲ့ ရိုဟင်ဂျာတွေ မြန်မာ့ကမ်းလွန်မှာ အန္တရာယ်များတဲ့လှေတွေနဲ့ သွားလာကြရင်းက ဒီနှစ်ပိုင်းတွေမှာ ကမ္ဘာက သတိထားမိလာတာ ဖြစ်ပါတယ်။
ဘင်္လာဒေ့ရှ်နိုင်ငံမှာလည်း ရိုဟင်ဂျာတွေကို အလိုမရှိတာကြောင့် သန်းခေါင်းစာရင်း ကိစ္စကို ဘယ်လိုကိုင်တွယ်သွားမလဲဆိုတာဟာ မေးစရာ မေးခွန်းဖြစ်နေပါတယ်။ အခု လုပ်ရပ်ဟာ ကောင်းတဲ့ဘက်ကို ဦးတည်လာတယ်လို့ ဒီကိစ္စမှာ ကူညီပေးနေတဲ့ အပြည်ပြည်ဆိုင်ရာ နိုင်ငံကူးသူများ အဖွဲ့အစည်း IOM က ပြောပါတယ်။
ဘင်္ဂလားဒေ့ရှ် အစိုးရဘက်ကနေ မှတ်ပုံတင်တွေ ထုတ်ပေးခဲ့မယ်ဆိုရင် အဆိုပါ ဒုက္ခသည်တွေရဲ့ ကျန်းမာရေးနဲ့ နေထိုင်ရေးအတွက် များစွား အထောက်အကူဖြစ်စေမှာ ဖြစ်ကြောင်း IOM ရဲ့ ပြောခွင့်ရ Asif Munier က AFP သတင်းဌာနကို ပြောကြားခဲ့ပါတယ်။
မိမိတို့ နေရပ်ရင်းပြန်ပို့မှာ ကို စိုးရိမ်တဲ့အတွက် အခုလို စာရင်းကောက်မှုမှာ တချို့ ရိုဟင်ဂျာတွေ အနေနဲ့ ပါဝင်ဖို့ စိတ်ဆန္ဒနည်းနိုင်တဲ့ အကြောင်းကိုလည်း အာဏာပိုင်တွေက ပြောပါတယ်။
ဒါပေမဲ့ ရိုဟင်ဂျာတဦးကတော့ အခုလို သန်းခေါင်စာရင်းကောက်ယူတာကို ကြိုဆိုကြောင်း၊ ဒါမှသာ အထောက်အထားမဲ့တဲ့ဒုက္ခသည်တွေကနေ တရားဝင် ဒုက္ခသည် ဖြစ်လာနိုင်မှာ ဖြစ်တယ်လို့ ပြောပြပါတယ်။
ABC Radio Australia
http://www.radioaustralia.net.au/burmese
0 comments:
Post a Comment