ပြည်ခိုင်ဖြိုးပါတီ အာဘော် ပြည်ထောင်စု နေ့စဉ် သတင်းစာ ရပ်ဆိုင်း


 ထုတ်ဝေခွင့် ခဏ ရပ်ဆိုင်း ထားတဲ့ ပြည်ထောင်စု နေ့စဉ် သတင်းစာကို တွေ့ရစဉ်။ Photo: The Union Daily Facebook
 ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေး ပါတီရဲ့ အာဘော် သတင်းစာဖြစ်တဲ့ ပြည်ထောင်စု နေ့စဉ်သတင်းစာ ကို ပြန်ကြားရေး ဝန်ကြီးဌာနက ထုတ်ဝေခွင့် ယာယီ ရပ်ဆိုင်း လိုက်ပါတယ်။ ပါတီတွင်း ထိပ်ပိုင်း ခေါင်းဆောင် အပြောင်းအလဲတွေ ဆောင်ရွက်နေချိန် ဖြစ်တာကြောင့် အခုလို ယာယီ ရပ်ဆိုင်း လိုက်တာလို့ ပြည်ထောင်စု နေ့စဉ် သတင်းစာရဲ့ အယ်ဒီတာ မယဉ်ယဉ်လှက ပြောပါတယ်။

"ပါတီအတွင်း လူကြီးအပြောင်းအလဲ လုပ်ကြတဲ့အခါကျရင်တော့ သတင်းစာက ခဏရပ်ထားတဲ့အချိန်ပေါ့၊ ကြားကာလရောက်နေတဲ့အချိန်ပေါ့၊ အဲ့လိုဖြစ်နေတာပါ ခဏရပ်ထားပါလို့ပဲပြောထားတယ်"

သတင်းစာကို ယာယီရပ်ဆိုင်းလိုက်ပေမယ့် ဝန်ထမ်းတွေကို ထုတ်ပယ်လိုက်တာမရှိဘဲ ပုံမှန်အတိုင်း ရုံးတက်ကြဖို့ အသိပေးထားတယ်လို့ သိရပါတယ်။ ပြည်ထောင်စု နေ့စဉ်သတင်းစာကို ၂၀၁၃ ခုနှစ် ဧပြီ ၁ ရက်နေ့က စတင်ထုတ်ဝေခဲ့တာဖြစ်ပြီး၊ ဝန်ထမ်းအင်အား ၃၀၀ နီးပါးရှိပါတယ်။ ဒါ့အပြင် ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖံွ့ဖြိုးရေးပါတီဥက္ကဌဟောင်း သူရဦးရွှေမန်းနဲ့ ဆက်စပ်မှုရှိတယ်လို့ ယူဆရတဲ့ ရှေ့ဆောင်ဂျာနယ် ကိုလည်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ဝေခွင့်ယာယီရပ်ဆိုင်းလိုက်ပါတယ်။

RFA Burmese
http://www.rfa.org/burmese
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment