အမေရိကန်ခေါင်းဆောင်တွေဟာ အခုဆိုရင် မြောက်ကိုရီးယားကို ကြောက်ရွံ့ နေပြီး အမေရိကန်ဟာ သူ့ ရဲ့နျူကလိယား လက်နက်အင်အားနဲ့ နောက်ထပ်ခြိမ်းခြောက်နိုင်မှာ မဟုတ်တော့ဘူးလို့ ဆိုလိုက်ပါတယ်။အာဏာရှင် ကင်ဂျုံအန်ဟာ ကိုရီးယားစစ်ပွဲနှစ်ပတ်လည်နေ့ မှာ အမေရိကန်နိုင်ငံသားအားလုံးကို သတ်ပစ်မှာဖြစ်ကြောင်း ပြောကြားလိုက်ပါတယ်။
အများနဲ့ မတူ တစ်မူထူးတဲ့ မြောက်ကိုရီးယားခေါင်းဆောင်ဟာ အင်အားကြီး အမေရိကန်နိုင်ငံသာ သူတို့ ရဲ့ နိုင်ငံသေးသေးလေးကို စတင်စစ်ကြေငြာခဲ့ရင် မြောက်ကိုရီးယားဟာ အမေရိကန်အကုန်လုံးကို အရှင်မထားဘူးလို့ ခြိမ်းခြောက် လိုက်ပါတယ်။ ဒီ ကိုရီးယားစစ်ပွဲနှစ်ပတ်လည် အခမ်းအနားကို အမေရိကန်နဲ့ တောင်ကိုရီးယား နိုင်ငံတို့ ကို အောင်ပွဲရခဲ့တဲ့ အထိမ်းအမှတ်အဖြစ် မြောက်ကိုရီးယားမှာ နှစ်စဉ်ကျင်းပလေ့ရှိပါတယ်။
မကြာသေးမီက ထွက်ရှိခဲ့တဲ့ သူ့ ရဲ့ဓာတ်ပုံတွေမှာ လက်နက်အသစ်တွေ စမ်းသပ်ပြီး၊ တိုက်လေယာဉ်ယာဉ်မောင်းတွေနဲ့ စကားလက်ဆုံကျနေတဲ့ ကင်ကို မြင်တွေ့ ခဲ့ရပါတယ်။ဒီ ၆၂ နှစ်မြောက် အခမ်းအနားမှာ မိန့် ခွန်းပြောကြားမှုတွေ၊ အလံချီတက် အလေးပြုမှုတွေနဲ့ ရိုးရာအကဖျော်ဖြေမှုတွေ ပါဝင်ခဲ့ပါတယ်။
Ref: Mirror
Source:trend.com.mm
0 comments:
Post a Comment