သေဆုံးသွားသည့် ISIS စစ်သွေးကြွ ဟက်ကာမှာ အကြမ်းဖက် တိုက်ခိုက်မှုများကို ပြုလုပ်ရန် လှုံ့ဆော်ပေးနေသူဖြစ်


ဝါရှင်တန် ၊ ၃၀-၈-၂၀၁၅

အမေရိကန်၏ လေကြောင်း တိုက်ခိုက်မှု အတွင်း သေဆုံးသွားခဲ့ သည့် ဂျီဟတ် စစ်သွေးကြွ ဟက်ကာတစ်ဦးမှာ အနောက်နိုင်ငံများ အတွင်း အကြမ်းဖက်မှုများ ပြုလုပ်ရန် ISIS စစ်သွေးကြွ ထောက်ခံသူများကို စည်းရုံးလှုံ့ဆော် ခဲ့သူ ဖြစ်ကြောင်း အမေရိကန် အာဏာပိုင် များက ထုတ်ပြန်ခဲ့သည်။

ဂျူနာအစ်ဟူစိန် အမည်ရှိ အဆိုပါ စစ်သွေးကြွ သည် ယခု ရက်သတ္တပတ် အစောပိုင်းက ဆီးရီယား နိုင်ငံ ရက်ကာမြို့တွင် ဖြစ်ပွားခဲ့ သော လေကြောင်း တိုက်ခိုက်မှု အတွင်း သေဆုံးခဲ့ခြင်း ဖြစ်ပြီး ယင်း တိုက်ခိုက်မှုသည် ၄င်းကို သီးသန့် ပစ်မှတ်ထားခြင်း ဟုတ်၊ မဟုတ်ကို ပင်တဂွန်စစ်ဌာနမှ ပြောရေးဆိုခွင့် ရှိသူ ဗိုလ်မှူးကြီး ပက်ထရစ်ရိုင်ဒါ က ထုတ်ဖော် ပြောကြား ခဲ့ခြင်း မရှိကြောင်း သိရသည်။

သို့သော် ယင်းတိုက်ခိုက်မှု အတွင်း ဂျူနာအစ် ဟူစိန် တစ်ဦးတည်းသာ သေဆုံးခဲ့ကြောင်း အမေရိကန် ထောက်လှမ်းရေး သတင်းများက ဖော်ပြခဲ့သည်။ ဟူစိန် သည် နိုင်ငံအတွင်း ဖြစ်ပွားခဲ့သည့် အကြမ်းဖက် သမား အများအပြား ကို နောက်ကွယ်မှ ကြိုးကိုင်စီမံ နေသူဖြစ်ကြောင်း ဆီးရီးယား အာဏာပိုင် များက ယူဆထားပြီး ဂျီဟတ် စစ်သွေးကြွ များသည် အမေရိကန်ဗဟို ဌာနချုပ်ကိုပါ တိုက်ခိုက်ရန် စီစဉ် ခဲ့ကြောင်း၊ ၄င်းသည် နည်းပညာ ကျွမ်းကျင်သူ တစ်ဦး ဖြစ်သော်လည်း ရာထူးမြင့်မားသည့် စစ်သွေးကြွ အဖွဲ့ဝင်တစ်ဦး မဟုတ်ကြောင်း ရိုင်ဒါ က ထပ်လောင်း ပြောကြားခဲ့သည် ဟု သိရသည်။

PyiChitThar
http://www.pyichitthar.com

Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment