အချစ်ရေးအကြောင်း ပြောပြဖို့ ငြင်းဆိုလိုက်တဲ့ ပိုပိုက သူမရဲ့ MTV ကို နောက်နှစ် သူမမွေးနေ့အမှီ ထွက်ချင်တယ်လို့ ဖွင့်ဟ


လက်ရှိမှာ ရေဘေးသင့်နဲ့ပတ်သက်တဲ့ လှုပ်ရှားမှုတွေအပြင် အလွမ်းသီချင်း ကြိုက်တဲ့ ရေဒီယိုအခွေကို အမ်တီဗီအနေနဲ့စတင်ရိုက်ကူးနေပြီလို့သိရတာကြောင့် သူမရှိရာ အလွမ်းသီချင်းရှုတင်သို့သွားရောက်မေးမြန်းဖြစ်တဲ့အခါ
"အခုရိုက်နေတဲ့သီချင်းလေးက အလွမ်းသီချင်းတဲ့။ ကိုပြေတီဦးနဲ့ပေါ့။ ဒါရိုက်တာကတော့ ပိုပို ကိုယ်တိုင်ပါပဲ။ အခုသီချင်းလေးကို ပိုပိုတကယ့်ဒရာမာပုံစံ ရိုက်ထားတယ်။ ၁၉၉၀ ၊ ၉၅ နှောင်းပိုင်းကပုံစံအတိုင်း ရိုက်ထားတယ်။ သူနဲ့ကိုယ်နဲ့ကျောင်းမှာ စတွေ့ပြီးကြိုက်ကြတယ်။ အမေက မိန်းမပေးစားမှာမို့ နယ်ကိုပြန်သွားရတယ်။ ပိုပိုကဒီမှာ လွမ်းပြီးကျန်ခဲ့တယ်ဆိုတဲ့ ပုံစံလေးပေါ့။ ဒရာမာပုံစံနဲ့အမ်တီဗီအရှည်လေး ရိုက်ထားတယ်။ ဒိုင်ယာလော့ခ်တွေလဲ ပါတယ်။ အလွမ်းသီချင်းကြိုက်တဲ့ ရေဒီယိုအခွေလေးမှာက ၁၄ပုဒ်ပါတယ်။ ၁၃ပုဒ်ရိုက်မယ်။ တစ်ပုဒ်ကိုတော့ ပိုပိုပယ်မယ်။ ၁၃ပုဒ်မှာ ၉ပုဒ်ကိုတော့ ပိုပိုကိုယ်တိုင်ဒါရိုက်တာလုပ်ရိုက်မယ်။ အခုလက်ရှိမှာ ရိုက်နေတာကအများကြီးတော့ မပြီးသေးပါဘူး။ ၃ပုဒ်လောက်ပဲပြီးပါသေးတယ်။ အခြားအနုပညာရှင်တွေအနေနဲ့က ကိုနိုင်းနိုင်း၊ ကိုမြင့်မြတ်၊ ကိုနေတိုး အပြင်အခြားအငယ်တန်းတွေကလဲပါဦးမယ်။ မင်းသားကြီး ၄ယောက်ကတော့ သူတို့ဆီကရက်ရတာနဲ့ရိုက်ပါမယ်။ အဓိက သူတို့လေးယောက်ကိုဒီအခွေလေးမှာပါစေချင်တာက ပိုပိုကိုယ်တိုင်ကြိုက်တာလဲပါတယ်။ ပိုပိုသီချင်းလေးတွေက သူတို့နဲ့လိုက်တာကြောင့်လဲပါတယ်။ ပိုပိုကိုယ်တိုင် ဒါရိုက်တာလုပ်တော့ သူတို့နဲ့လိုက်မယ် ထင်လို့ပိုပိုရွေးချယ်ဖြစ်တယ်။ အမ်တီဗီလေးကို မြန်မြန်ပြီးရင်တော့ မြန်မြန်ထွက်မယ်။ မပြီးဘူးဆိုရင်တော့ နောက်နှစ် ၅လပိုင်းပိုပိုမွေးနေ့အမှီလေးထွက်ချင်ပါတယ်။"လို့ သူမက ပြောပြသွားပါတယ်။
စီဒီအခြေအနေ၊ ရေဘေးသင့်ပြည်သူတွေအတွက် ပရဟိတလုပ်ငန်းတွေနဲ့ ပတ်သက်ပြီးတော့လည်း သူမက " ပရိသတ်တွေလဲကြိုက်ကြတယ်။ အော်ဒါလဲတက်တယ်။ ရောင်းအားလဲကောင်းပါတယ်။ ပိုပိုလဲ အဲ့ဒီလိုပြန်ကြားရတဲ့အတွက်ဝမ်းသာပါတယ်။ အခုလက်ရှိကတော့ အမ်တီဗီလေး ရိုက်ဖြစ်နေတယ်။ ပြီးတော့ ပရဟိတရှိုး မန္တလေးမှာ သွားဆိုပေးဖို့ရှိတယ်။ ပြီးတော့ ကုမ္ပဏီပွဲလေးတွေ၊ ဒင်နာပွဲလေးတွေ၊ လက်ခံထားတာလဲရှိပါတယ်။ ရေဘေးနဲ့ပတ်သက်ပြီး ပါဝင်ကူညီလှုပ်ရှားပေးမှုတွေနဲ့ပတ်သက်ပြီး အဓိကကပိုပို ဈေးရောင်းပွဲမှာ ဦးဆောင်ဖြစ်တာက ရတဲ့ရေဘေးသင့်ပြည်သူတွေအတွက်ပေါ့။ ပိုပိုအပါအ၀င် အခြားအနုပညာရှင်တွေနဲ့စုပေါင်းပြီးဈေးရောင်းကြတယ်။ အလှူငွေက ၃၄သိန်းရတယ်။ ဒါပေမဲ့ ပိုပိုနဲ့မဇူဇီတို့နဲ့ရပ်ကွက်တွေ၊ ဈေးတွေမှာ အလှူလိုက်ခံတာက ၈၀၀၀၀၀ သိန်းကျော်ရတယ်။ အဲ့ဒါကိုထပ်ပေါင်းပြီးလိုတဲ့ပိုက်ဆံကို ပိုပိုနဲ့မနန်းဆုနဲ့ထပ်စိုက်ထည့်ပြီး ၄၂သိန်း လှူနိုင်သွားပါတယ်။ အဲ့ဒါကို သီတဂူဆရာတော် ဘုရားကြီးဆီမှာ သွားလှူဒါန်းခဲ့ပါတယ်။ ပိုပို KMA Foundation နဲ့လဲ စစ်တွေကို တစ်ပတ်ကြာသွားပြီးလုပ်အားနဲ့ကူညီပေးခဲ့တယ်။  ပြန်လည်ထူထောင်ရေးအတွက်ဈေးရောင်းပွဲတော်ထပ်လုပ်ဖို့လဲပိုပိုတို့အစီအစဉ်ရှိပါတယ်။ ပြီးတော့ ပိုပိုရေဘေးနဲ့ပတ်သက်ပြီး သီချင်းလေးလဲ ဆိုထားတယ်။ ကိုယ်တိုင်ရေး ကိုယ်တိုင်ဆိုပေါ့။ နာမည်လေးက မျက်ရည်သုတ်ပေးပါတဲ့။ အဲ့ဒီသီချင်းလေးကို ပိုပို တို့ရန်ပုံငွေပွဲမှာ လဲဆိုမယ်။  မြန်မာပြည်သူပြည်သားတွေဟာ ကိုယ့်ရဲ့သွေးသားအရင်းတွေလိုပါပဲ။ ငါတို့တွေဟာသူတို့ကိုဝိုင်းပြီး အကြင်နာတွေနဲ့ဖေးမမယ်။ ကူညီမယ်။ အချင်းချင်းမျက်ရည်သုတ်ပေးကြမယ်ဆိုတဲ့ အဓိပ္ပါယ်လေးပေါ့။ ရေဘေးသင့်ပြည်သူတွေအားလုံး ကို ပိုပိုတို့အနုပညာရှင်တွေအားလုံးရော၊ မြန်မာနိုင်ငံမှာရှိတဲ့သူအားလုံးရော ဘေးမှာဝိုင်းရံပြီးရှိနေပါတယ်လို့၊ တတ်နိုင်သမျှခွန်အားတွေကိုစုပြီးကူညီသွားပါမယ်။ ဘာမှအားမငယ်ကြပါနဲ့။ စိတ်ဓာတ်မကျကြပါနဲ့" တဲ့။
ရက်ပါအဆိုတော်နဲ့ သူမရဲ့ အချစ်ရေးကို မေးကြည့်လိုက်တဲ့အခါမှာတော့ မဖြေပါဘူးလို့ ငြင်းဆိုသွားပါတယ်။
Source:trend.com.mm
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment