![]() |
ပြီးခဲ့တဲ့လအတွင်းက အီဘိုလာရောဂါနဲ့ သေဆုံးခဲ့သူတဦးရဲ့ မိခင်က အီဘိုလာအရေး စိုးရိမ်ကြောင်း ကျန်းမာရေး ဝန်ထမ်းများနှင့် ပြောဆိုနေစဉ်။ (သြဂုတ် ၂၄၊ ၂၀၁၅) |
Guinea နိုင်ငံနယ်စပ်အနီးမှာ နေထိုင်ပြီး မကြာခင်က သေဆုံးခဲ့တဲ့ အသက် ၆၇ နှစ် အရွယ် ဝေဒနာရှင်တစ်ဦးရဲ့ ခန္ဓာကိုယ်အတွင်းက နမူနာထုတ်ယူ စစ်ဆေးမှုတွေအရ အီဘိုလာရောဂါပိုး တွေ့ရှိခဲ့ရတယ်လို့ အနောက်အာဖရိကနိုင်ငံရဲ့ ကျန်းမာရေး အရာရှိချုပ် Brima Kargbo ကပြောပါတယ်။
ဒီအမျိုးသမီးနဲ့ ထိတွေ့မှုရှိခဲ့တဲ့သူတွေကို လိုက်လံခြေရာခံ စစ်ဆေးမှုတွေ ပြုလုပ်နေကြောင်း Sierra Leone နိုင်ငံရဲ့ အီဘိုလာရောဂါဆိုင်ရာအတွက် ဖွင့်လှစ်ထားတဲ့ ဌာနက ပြောပါတယ်။
Sierra Leone နိုင်ငံရဲ့ နောက်ဆုံး အီဘိုလာ ရောဂါဝေဒနာရှင်ကို သြဂုတ်လ ၂၄ ရက်နေ့ မှာ ဆေးရုံက ဆင်းခွင့်ပြုလိုက်တာဖြစ်ပြီး နိုင်ငံအတွင်း အီဘိုလာရောဂါ ကင်းရှင်းပြီဖြစ်ကြောင်း ကြေညာဖို့ အတွက် ၄၂ ရက်သာ လိုတော့တဲ့ အချိန်မှာ အခုသတင်း ထွက်ပေါ်လာတာဖြစ်ပါတယ်။
ဗွီအိုအေ (မြန်မာဌာန)
http://burmese.voanews.com
0 comments:
Post a Comment