တက္ကသိုလ် ကျောင်းသားများကို အများရှေ့တွင် အပြစ်ပေး




တရုတ်နိုင်ငံ အလယ်ပိုင်း ဟူနန်ဒေသက တက္ကသိုလ်တစ်ခုမှာ ကျောင်းသားတွေကို လူမြင်ကွင်းမှာ အပြစ်ပေးမှု ပြုလုပ်ခဲ့တာကြောင့် ဝေဖန်စရာ ဖြစ်ခဲ့ကြောင်း သိရပါတယ်။ တက္ကသိုလ် ကျောင်းသားတွေဟာ စစ်ရေးလေ့ကျင့်မှု ပြုလုပ်နေစဉ် အခန်းအတွင်း သန့်ရှင်းရေး မလုပ်သူတွေကို လူမြင်ကွင်းမှာ အပြစ်ပေးခဲ့ခြင်း ဖြစ်ပါတယ်။ ဒီလိုအပြစ်ပေးရာမှာ အမျိုးသမီးတွေလည်း ပါဝင်ခဲ့တာကြောင့် မေးခွန်းထုတ်စရာ ဖြစ်ခဲ့ပါတယ်။ ကျောင်းသားတွေကို ပူပြင်း နေရောင်ခြည်အောက်မှာ အလွန်ထူတဲ့ စောင်တွေကို ခြုံပြီးမြေကြီးပေါ်မှာ အိပ်စေခဲ့တာ ဖြစ်ပါတယ်။ ဒါကို အခြားကျောင်းသား ပေါင်း (၂၀၀၀) ၀န်းကျင်ရှေ့မှာ ပြုလုပ်တာ ဖြစ်ပါတယ်။ အပြစ်ပေးမူဟာ အရှက်ခွဲတဲ့ပုံစံ ဖြစ်နေတာကြောင့် ဝေဖန်မူတွေ ရှိနေပေမယ့် တာဝန်ရှိသူတွေကတော့ ဒီဖြစ်ရပ်ကို ကာကွယ် ဟြေဆိုခဲ့ပါတယ်။
      ကျောင်းသားတွေကို အပြစ်ပေးဖို့ မရည်ရွယ်သော်လည်း ဟြေဆိုမှုများ လိုက်နာခြင်း မရှိသောကြောင့် ဒီနည်းလမ်းကို ရွေးခဲ့တာဖြစ်ကြောင်း သိရပါတယ်။ ကျောင်းတာဝန်ရှိသူ တစ်ဦးက အပြစ်ပေးခံရသည့် ကျောင်းသားတွေမှာ အမျိုးသမီးလည်း ပါဝင်ကြောင်း၊ စုစုပေါင်း အပြစ်ပေးချိန် ငါးမိနစ်သာကြာကြောင်း ဟြေကြားခဲ့ပါတယ်။ ဒီလိုအပြစ်ပေးချိန်မှာ အပူချိန်က ( ၃၂) ဒီဂရီ ဆဲလ်စီအက်စ် ရှိခဲ့ပါတယ်။ ဒီနောက် ကျောင်းသားတွေကို စောင်တွေခြုံပြီး ဦးခေါင်းမှာ ရေပုံးကိုစွပ်ကာ ကွင်းတစ်ပတ် ပြေးစေခဲ့ပါတယ်။ အပြစ်ပေးခံရသူ (၃၀) ကျော်ရှိပြီး၊ ကျောင်းသူတွေဟာ ရှက်လွန်းတာကြောင့် ငိုကြွေးခဲ့ပါတယ်။
      တရုတ်နိုင်ငံက အထက်တန်း ကျောင်းတွေနဲ့ တက္ကသိုလ်တွေမှာ စစ်ပညာကို မသင်မနေရအဖြစ် သတ်မှတ်ထားပါတယ်။ စစ်ပညာကို ကျောင်းသားတွေကို သင်ကြားရာမှာ စည်းကမ်းကို အဓိကထားလေ့ရှိပြီး၊ စည်းကမ်းဖောက်သူကို ပြင်းထန်တဲ့ အပြစ်ပေးခြင်း ပြုလုပ်လေ့ရှိကြောင်း သိရပါတယ်။
Source:messengernewsjournal.com
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment