ကြို့ပင်ကောက်မှာ ပြည်ခိုင်ဖြိုး ပါတီဝင် ၂ဝဝ ခန့် တခြားပါတီသို့ ကူးပြောင်း


 ရန်ကုန်မြို့ စမ်းချောင်းမြို့နယ်မှာ စက်တင်ဘာလ ၁၆ ရက်နေ့က ဒီမိုကရက်တစ်ပါတီ (မြန်မာ) ဥက္ကဌ ဦးသုဝေ မဲဆွယ်စည်းရုံးစဉ် Photo: Zar Ni Htun/RFA
 ပဲခူးတိုင်းဒေသကြီး ကြို့ပင်ကောက်မြို့နယ် ကျောက်ဝကျေးရွာအုပ်စုနဲ့ ရုံးပင်ကျေးရွာ အုပ်စုက ပြည်ခိုင်ဖြိုး ပါတီဝင် ၂ဝဝ လောက်ဟာ ဒီမိုကရက်တစ်ပါတီ(မြန်မာ) ပါတီဝင်တွေအဖြစ် ကူးပြောင်းလိုက်တယ်လို့ သိရပါတယ်။

အဲဒီလိုပါတီဝင်အဖြစ် ဝင်ရောက်လာသူတွေကို လာမယ့်အောက်တိုဘာလ ၂ ရက်နေ့မှာ အခမ်းအနားတွေ ကျင်းပ ပြီး ကြိုဆိုမှာဖြစ်တယ်လို့ ဒီမိုကရက်တစ်ပါတီ (မြန်မာ)ရဲ့ ပဲခူးတိုင်းဒေသကြီးဥက္ကဌ ဦးရန်နိုင်က ပြောပါတယ်။

"သူတို့က ကျနော်တို့ပါတီကိုပြောင်းမယ်ဆိုပြီးတော့ အဲ့မှာရှိတဲ့အမာခံလူတွေက ကျနော်တို့ကိုဖိတ်ခေါ်တယ်၊ ပြီးရင် ကျနော်တို့ကို မိန့်ခွန်းတွေပြောခိုင်းမယ်၊ ၂ ရက်နေ့ မနက် ၉ နာရီကနေပြီးတော့ အဲ့ရွာမှာစလုပ်ပါမယ်၊ ၄ ဖွဲ့လွှတ်ဖို့ ကျနော်တို့စီစဉ်ထားပြီးပါပြီ"

လယ်သမားတွေအတွက် ဖံွ့ဖြိုးရေးတွေ လုပ်ဆောင်ပေးတာမရှိတာကြောင့် ဒီမိုကရက်တစ်ပါတီ (မြန်မာ) ပါတီဝင် အဖြစ် ကူးပြောင်းလာတာလို့ ကျောက်ဝကျေးရွာ က ပြည်ခိုင်ဖြိုးပါတီဝင်ဟောင်း လယ်သမား ဦးကြည်လွင်က ပြော ပါတယ်။

"ပြည်သူလူထုရဲ့ဆန္ဒတွေကတော့ လက်ရှိသူတို့တွေကိုမေးကြည့်တော့ သူတို့ဆီမှာတော့ ကွင်းဆင်းမှုမရှိ ဘူးပေါ့၊ သူတို့တွေလည်းလယ်သမားတွေ ဆီလက်ရှိ ကျနော်ဆင်းတယ်၊ ကျနော်လည်း လယ်သမားပါပဲ၊ ကွင်းဆင်းမှုမရှိတော့ ကျနော်တို့တွေဒီလက်ရှိလုပ်ထားတဲ့ အလုပ်တွေသည် သူတို့ကိုပံ့ပိုးမှုမရှိတော့ သူတို့ဘဝ ကဒီလိုပဲဆက်ပြီးတော့ လယ်ပဲလုပ်နေရပေမယ့် ထောက်ပံ့မှုမရှိတာလေးတွေလည်းပါမှာပေါ့"

ဒီမိုကရက်တစ်ပါတီ(မြန်မာ) အထွေထွေအတွင်းရေးမှူး ဒေါ်ချိုချိုကျော်ငြိမ်းဟာ လာမယ့် ရွေးကောက်ပွဲမှာ ကြို့ပင်ကောက်မြို့နယ်ကနေ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်ပြီး အဲဒီမြို့နယ်မှာ ပါတီဝင်အင်အား တစ်သောင်းဝန်းကျင်ရှိတယ်လို့ သိရပါတယ်။

RFA Burmese
http://www.rfa.org/burmese
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment