ပြေဒီရလို့ နာမည်ပေးလိုက်တဲ့ ပြေတီဦးနဲ့ အူဝဲတို့ရဲ့သားငယ်လေး



ပြေတီဦးနှင့် အိန္ဒြာကျော်ဇင်တို့က ၎င်းတို့၏ သားငယ်လေးကို သုံးလပြည့်သည့်နေ့တွင် ‘ပြေဒီရ’ဟု အမည်ပေးလိုက်ကြောင်း သတင်းရရှိသည်။

‘‘ရှေ့က ပြေဆိုတာကတော့ သူ့အဖေရဲ့ နာမည်ပေါ့။ ဒီရဆိုတာကတော့ ပါဠိနာမည်၊ ပညာရှိဆိုတဲ့ အဓိပ္ပာယ်လေးပါ။ အဲဒါကြောင့် အဓိပ္ပာယ်လည်း ကောင်း၊ ဆန်းလည်းဆန်းလို့ အားလုံး တိုင်ပင်ပြီး ပြေဒီရလို့ပေးလိုက်တာပါ’’ဟု အိန္ဒြာကျော်ဇင်က ပြောသည်။

ပါဠိနာမည်လေးများကို ကြိုက်နှစ်သက်သောကြောင့် ရွေးချယ်ခဲ့ခြင်းဖြစ်ပြီးအစ်မဖြစ်သူ ပြေ သုဒြာနာမည်နှင့် ဆင်သောကြောင့် ရွေးချယ်ခဲ့ခြင်းဖြစ်သည်ဟု ၎င်းက ဆိုသည်။

ထို့ပြင် ပြေဒီရ၏ သုံးလပြည့် အမှတ်တရအလှူအဖြစ် စက်တင်ဘာ ၂၇ ရက်တွင် ရန်ကင်း ကလေးဆေးရုံ၌ အလှူငွေကျပ်ငါးသိန်းနှင့် ဆေးရုံတက်နေသည့် လူနာ ၂၅၀ အတွက် တစ်ရက်စာ (မနက်စာ၊ နေ့လယ်စာ၊ ညစာ) အာဟာရဒါနပြုလုပ်ခဲ့ကြောင်း အိန္ဒြာကျော်ဇင်က ပြောသည်။
Source...7daydaily.com
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment