အလှအပနဲ့ ပတ်သက်ပြီး မှားယွင်းနေကြတဲ့ အချက် (၅) ချက်


အလှအပနဲ့ ပတ်သက်ပြီး အမြဲတမ်း လူတွေ မှားယွင်းနေတဲ့၊ ပြုပြင်ဖို့လိုအပ်တဲ့ အမှားတချို့ရှိပါတယ်။ အဲ့ဒီ ရှောင်ကြဉ်သင့်တဲ့ အရာတွေကတော့
တစ်ခေါင်းလုံး conditioner လိမ်းကျံခြင်း
ခေါင်းလျှော်ပြီးရင် လူတွေ ဆံပင်တွေ စိုစွတ်နေစေဖို့ နဲ့ ချောမွေ့တောက်ပြောင်စေဖို့ conditioner  အမြဲသုံးပေးကြပါတယ်။ ဒါပေမယ့် ဒီနေရာမှာ အမြဲတမ်းမှားတဲ့အမှားက တစ်ခေါင်းလုံး conditioner လိမ်းပေးတဲ့အဖြစ်ပါပဲ။ conditioner ကို ဆံပင်မှာ ပွတ်ရုံသာပွတ်ပေးဖို့ဖြစ်ပြီး ဦးရေပြားထိစေဖို့ မဟုတ်ကြောင်း အမှတ်ရပါ။
ရေမွှေးကို အဝတ်အစားမှာ ဖျန်းခြင်း
ရေမွှေးက ခန္ဓာကိုယ်မှာ ဖျန်းဖို့ဖြစ်ပါတယ်။ အဝတ်အစားတွေမှာ မဟုတ်ပါဘူး။ အဝတ်အစားကို စွန်းထင်းစေရုံမဟုတ် ရေမွှေးနဲ့ အနံ့အသက်ဆိုးတွေပေါင်းစပ်မိတဲ့အခါ အဝတ်အစားမှာ အနံ့အသက်ဆိုးတွေ ထွက်ပါတယ်။ ရှောင်ကြဉ်ပါ။
လည်ပင်းအသားရေ မစစ်ဆေးခြင်း
စခရင်မ်၊ မိတ်ကပ် သို့မဟုတ် အလှဆီ တစ်ခုခုလိမ်းတဲ့အခါ မှေးစေ့အပေါ်ပိုင်းကိုသာ လိမ်းကြတာများပါတယ်။ ဒါ ကြီးမားတဲ့ အမှားတစ်ခုပါ။ ဘာလို့လဲဆိုတော့ လည်ပင်းဟာလည်း မျက်နှာရဲ့ တစ်စိတ်တစ်ဒေသ ဖြစ်လို့ပါပဲ။ ဝတ်ထားတဲ့ အဝတ်အစား မဖုံးမိ လည်ပင်းအသားရေဆိုတာ မျက်နှာအရေပြားထက် ပိုပါးလွှာပြီး ပိုလည်းနူးညံ့ပါတယ်။ ဒါ့ကြောင့် လည်ပင်းကို ထိန်ချန်မထားပါနဲ့။
မျက်ကွင်းမှာ အလှဆီလူးခြင်း
အလှဆီကို အသားရေစိုပြေစေဖို့ နဲ့ နူးညံ့ပျော့ပျောင်းစေဖို့ သုံးပါတယ်။ သို့သော် ဒါကို မျက်ကွင်းတွေမှာ သုံးတဲ့အခါ နူးညံ့လုံးဝန်းဖြူစွတ်လာစေပြီး ရုပ်ကို မောဟိုက်တဲ့ အသွင်ပေါ်ပါတယ်။ အလှဆီကို မျက်ကွင်းတွေမှာ သုံးခြင်းကို ရှောင်ပါ။
ရေအကြာကြီးချိုးခြင်း
တချို့လူတွေ ရေအကြာကြီးချိုးတာ ကြိုက်ကြပြီး ဆပ်ပြာ၊ ခေါင်းလျှော်ရည်တို့ကို ခန္ဓာကိုယ်ကနေ စင်အောင် ဆေးချသန့်စင်ပေးတယ်လို့ မှတ်ယူကြတယ်။ သို့ပေမယ့် အရမ်းပွတ်တိုက်၊ သန့်ရှင်းရေးလုပ်လွန်းတာ ခန္ဓာကိုယ်ကနေ မရှိမဖြစ် လိုအပ်တဲ့ အဆီနဲ့ အစိုဓာတ်တွေကို ဖယ်ရှားပေးပါတယ်။ 
Ref: indiatimes
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment