အရေးကြီးတဲ့ နေ့မျိုးအတွက် ပြင်ဆင်ခြယ်သရာမှာ ဒီလိုအမှားမျိုးတွေ မပြုလုပ်စေလို


တစ်သက်မှာ တစ်ခါသာ ကျင်းပပြုလုပ်တဲ့ မင်္ဂလာပွဲလို့ ထူးခြားတဲ့နေ့မျိုးအတွက် ပြင်ဆင်ခြယ်သမှုမျိုး ပြုလုပ်တော့မယ်ဆို သင့်အနေနဲ့ ဂရုစိုက်ရှောင်ကြဉ်သင့်တဲ့ အမှားလေးတွေ ရှိပါတယ်။ ဒီလိုအမှားမျိုးတွေကို ပျိုမေအများစု အကြိမ်ကြိမ်ပြုလုပ်လေ့ရှိတာကြောင့် သူတို့ရဲ့ မင်္ဂလာနေ့ရက်တွေဟာ စိတ်ထဲမျှော်လင့်ထားသလောက် သက်တောင့်သက်သာမရှိပဲ ဖြတ်သန်းရတာမျိုးတွေ ရှိတတ်တာကြောင့် အောက်မှာဖော်ပြပေးထားတဲ့ အမှားမျိုးတွေကို ရှောင်ကြဉ်ပြီး ခြယ်သပြင်ဆင်ကြပါလို့။
၁။ကိုယ်လိုချင်တဲ့အရာ၊ ပြင်ဆင်ခြယ်သပုံက ဘယ်လိုဆိုတာ ကိုယ်တိုင် မသိခြင်း။
သင့်ရဲ့ထူးခြားတဲ့နေ့လေးမှာ ဘယ်လိုလေး ၀တ်ပြီး မျက်နှာကို ဘယ်လိုမျိုးခြယ်မယ်ဆိုတဲ့ စိတ်ကူးမရှိပဲ မိတ်ကပ်ဆရာကိုသာ ပုံအပ်ထားလို့ မရပါဘူး။ ဒီလိုဆိုရင် သူလည်း အဆင်ပြေတဲ့ အလိုက်ဖက်ဆုံး ဖြစ်မယ့် ခြယ်သမှုကို ရွေးချယ်လိုက်ပါလိမ့်မယ်။ သူခြယ်သပေးလိုက်ပြီးမှ သင်က မကြိုက်ဘူးဆိုရင်တော့ အစက ပြန်ပြင်ဖို့လည်း အဆင်မပြေတော့သလို စိတ်ကသိကအောက် ဖြစ်ကြရမှာ အမှန်ပါပဲ။
၂။ကိုယ့်အတွက် သက်တောင့်သက်သာ မရှိတဲ့ ခြယ်သမှုကို ရွေးချယ်လိုက်ခြင်း။
သင်ဟာ နှုတ်ခမ်းနီ ရဲရဲမဆိုးဖူးဘူး၊ အရောင့်ရင့်ရင့်တွေ မကြိုက်ဘူးဆိုပါစို့။ အဲ့ဒီလို ခြယ်သပြင်ဆင်ပေးလိုက်တဲ့အခါ သင့်အနေနဲ့ ဒီနှုတ်ခမ်းနီကိုသာ အာရုံရောက်ပြီး စိတ်မသက်မသာ ဖြစ်နေရပါလိမ့်မယ်။ ပွဲမှာ ဒီလိုဆိုးဖို့ ဆုံးဖြတ်ထားရင်လည်း တစ်လလောက်အလို နှစ်လလောက် အလိုကတည်းက  ဒီနှုတ်ခမ်းနီမျိုးကို ကြိုပြီး ဆိုးကြည့်ထားလိုက်ပါ။
၃။ခေတ်စားနေတဲ့ အပြင်အဆင်ကို အတင်းပြင်ဆင်ဖို့ ဆန္ဒရှိခြင်း။
ခုလတ်တလော ခေတ်စားနေတဲ့ မိတ်ကပ်အပြင်အဆင်က ကိုယ်နဲ့လိုက်ဖက်မှုရှိလား မရှိလားမသိပဲ အဲ့ဒီလိုပုံစံပဲ ပြင်ဆင်ပေးဖို့ မိတ်ကပ်ဆရာကို တောင်းဆိုတာမျိုး ရှောင်ပါ။ သူနဲ့အရင် တိုင်ပင်ပါ။ အ၀တ်အစားကိုလည်း ထည့်စဉ်းစားဖို့ လိုပါလိမ့်မယ်။
၎။ကြာမြင့်မယ့် အချိန်ကို ထည့်မတွက်ပဲ မိတ်ကပ်ပြင်ဆင်ခြင်း။
သင်အရင်တုန်းက ခြယ်သမှုပုံစံတွေနဲ့ ခု ကိုယ့်မင်္ဂလာပွဲအတွက် ခြယ်သမှုပုံစံ အဆင့်တွေ ကွာချင်ကွာသွားနိုင်ပါတယ်။ ဒါဘာဖြစ်လို့လဲဆိုတော့ ပွဲချိန်ကြာမြင့်တာကြောင့်လည်း ပါပါတယ်။ ဒီ့အတွက် ပြင်ဆင်ခြယ်သမှုကို အဆင့်ကျော်တာမျိုး မလုပ်ပါနဲ့။ ပွဲမပြီးသေးခင် မျက်နှာအဆီပြန်နေတာမျိုးတွေ ဘာတွေဟာ တော်တော်အကြည့်ရဆိုးလို့ပါ။
၅။မင်္ဂလာပွဲနီးမှ အသားအရေအတွက် treatment တွေ ယူခြင်း။
မင်္ဂလာပွဲမတိုင်ခင် တစ်လ နှစ်လ အလိုမှာ ကြိုတင်ပြင်ဆင်လုပ်ဆောင်ရမယ့် အရာတွေထဲမှာ အသားအရေအတွက် treatment ယူတာမျိုးပါပါတယ်။ အဲ့ဒီနေ့ရောက်ဖို့ တစ်ရက် နှစ်ရက်အလိုမှ ဒါမျိုးတွေလုပ်မယ်ဆိုရင် သင့်အတွက် အဆင်မပြေတတ်ပါဘူး။ အသားအရေပြောင်းသွားတာမျိုး၊ အဖုတွေ ထွက်လာတာမျိုးတွေ ဖြစ်တတ်တာမို့ ဒါမျိုးရှောင်သင့်ပါတယ်။
Ref:popsugar
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment