အငှားယာဉ်မောင်းအား လုယက်မှုကျူးလွန်သူများကို ဖမ်းဆီးရမိ


အငှားယာဉ်မောင်းအား လုယက်မှုကျူးလွန်သူများကို လှည့်ကင်းရဲတပ်ဖွဲ့ဝင် များမှ တွေ့ရှိဖမ်းဆီးရမိ
ရန်ကုန်၊ စက်တင်ဘာ ၂၀

၁၈.၉.၂၀၁၅ ရက်နေ့ ၂၃၃၀ အချိန်ခန့်တွင် လှိုင်သာယာမြို့နယ်နေ အငှားယာဉ်မောင်းဖြစ်သူ ကိုမျိုးမြင့်စန်းသည် ၎င်း၏ Probox အမျိုးအစား အငှားယာဉ်အား အောက်ကြည့်မြင်တိုင် လမ်းအတိုင်း တောင်မှမြောက်သို့ မောင်းနှင်လာစဉ် ဟုမ်းလမ်းမှတ်တိုင် အလွန်အရောက် လူငယ်(၄)ဦးမှ လှိုင်သာယာစက်မှုဇုန်သို့ သွားလိုကြောင်း ပြောဆို ငှားရမ်းသဖြင့် ၎င်းတို့အား တင်ဆောင်၍ မောင်းနှင်လာခဲ့ရာ လှိုင်သာယာမြို့နယ်၊ ပန်းလှိုင်ဂေါက်ကွင်း လမ်းအရောက် လူငယ်များမှ ယာဉ်အားရပ်ခိုင်းသဖြင့် ရပ်ပေးခဲ့ပါသည်။

ထိုစဉ် ၎င်းတို့အနက် တစ်ဦးက ကိုမျိုးမြင့်စန်း၏လည်ပင်းကိုသိုင်းချုပ်ကာ ပါသည့် ပိုက်ဆံအားပေးရန်တောင်းခဲ့သဖြင့် ကားစထွက်ခြင်းဖြစ်၍ ပိုက်ဆံ(၃၀၀)ကျပ်သာပါကြောင်း ရှင်းပြသော်လည်း ၎င်းတို့မှ မယုံကြည်ဘဲ ယာဉ်အတွင်းလိုက်လံရှာဖွေခဲ့ပြီးနောက် ကိုမျိုးမြင့်စန်းအား ယာဉ်၏နောက်ခန်း တွင်ထိုင်စေကာ တစ်ဦးမှ ချွန်ထက်သောအရာဖြင့်ထောက်၍ အခြားတစ်ဦးမှ ယာဉ်အားမောင်းနှင်သွားခဲ့ပါသည်။

၎င်းလူငယ်(၄)ဦးမှ ကိုမျိုးမြင့်စန်းအား လက်ကိုင်ဖုန်းပေးရန်ထပ်မံတောင်းခဲ့ သဖြင့် လက်ကိုင်ဖုန်းမပါကြောင်းပြောဆိုခဲ့ရာ လှိုင်မြို့နယ်၊ ဗဟိုလမ်းမ အရောက်တွင် လမ်းဘေး၌ယာဉ်ကိုရပ်၍ ကိုမျိုးမြင့်စန်းအား ဆင်းခိုင်းပြီး ယာဉ်ကိုမောင်းနှင်ယူဆောင် ထွက်ပြေးရန်ပြုစဉ် လှိုင်မြို့မရဲစခန်းမှ လှည့်ကင်း ရဲတပ်ဖွဲ့ဝင်များက တွေ့ရှိခဲ့ပြီး ထိန်းသိမ်းကာစစ်ဆေးမေးမြန်းခဲ့ပါသည်။

စစ်ဆေးချက်အရ ၎င်းတို့(၄)ဦးမှာ လှိုင်သာယာမြို့နယ်နေသူများဖြစ်သည့် ဇင်ကို၊ (၁၉)နှစ်၊ ပေါက်စ (ခ)ရဲမင်း၊ (၂၁)နှစ်၊ ဆယ်ပြား(ခ)အောင်မျိုးထက်၊ (၂၃)နှစ်နှင့် မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်နေ ဂျောက်ဂျက်(ခ) ဆံရှည်(ခ)သာနိုင်ဇံ၊ (၂၀)နှစ်တို့ဖြစ်ကြောင်းသိရှိရပြီး ၎င်းတို့(၄)ဦးမှ ကိုမျိုးမြင့်စန်းအား မှန်ကွဲစဖြင့်ထောက်ကာ ယင်းသို့ကျူးလွန်ခဲ့ခြင်း ဖြစ်သည်ကို သိရှိရပါသည်။

ယင်းသို့ ပြစ်မှုကျူးလွန်သူများဖြစ်သည့် ဇင်ကိုပါ(၄)ဦးကို လှိုင်မြို့မရဲစခန်း (ပ)၄၂၇/၂၀၁၅၊ ပြစ်မှုပုဒ်မ-၃၈၂ ဖြင့် အမှုဖွင့်ကာ အရေးယူဆောင်ရွက် လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police
https://www.facebook.com/yangonpolice
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment