![]() |
ဒေါ်အောင်ဆန်း စုကြည်ကို သွားတွေ့ချင်ခဲ့တာ ကြာပါပြီလို့ တရုတ် သံ အမတ်ပြော |
တရုတ် သံရုံး ပြောရေးဆိုခွင့် ရှိသူ မစ္စတာ ပန် ရွှေဆောင်း Pan Xuesong က သံအမတ်ကြီး အနေနဲ့ ဒေါ်အောင်ဆန်း စုကြည်ကို သွားတွေ့ချင်ခဲ့တာ ကြာပြီလို့ ဘီဘီစီကို ပြောပါတယ်။
တွေ့ဆုံရာမှာ တရုတ်နဲ့ မြန်မာ နှစ်နိုင်ငံကြားမှာ ချစ်ကြည်ရင်းနှီးတဲ့ ဆက်ဆံရေး တိုးတက် ကောင်းမွန်အောင် ဘယ်လို ဆောင်ရွက် ကြမယ် ဆိုတာတွေကို သဘောထားချင်း ဖလှယ် ခဲ့ကြပါတယ်လို့ မစ္စတာ ပန် ရွှေဆောင်းက ပြောပါတယ်။
ဒေါ်အောင်ဆန်း စုကြည်နဲ့ ဆက်ဆံရေး ကောင်းမွန်ဖို့က တရုတ် နိုင်ငံ အတွက် အရေးကြီးတယ်လို့ သူက ပြောပါတယ်။
တရုပ်နိုင်ငံ အနေနဲ့ အန်အယ်ဒီပါတီ ၊ ဥက္ကဌ ဒေါ်အောင်ဆန်း စုကြည်နဲ့ တိုးတက်တဲ့ ဆက်ဆံရေး ရှိဖို့ လိုလားတယ်လို့ အန်အယ်ဒီ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဘက်က မြင်ကြောင်း ပါတီ ပြောရေးဆိုခွင့် ရှိသူ ဦးဥာဏ်ဝင်းက ပြောပါတယ်။
ဒေါ်အောင်ဆန်း စုကြည် တရုတ်နိုင်ငံကို သွားရောက်ခဲ့ ပြီးနောက်မှာ ဆက်ဆံရေး ပိုမိုကောင်းမွန်အောင် နှစ်ဘက် ကြိုးစားခဲ့ကြတယ်လို့ လည်း သူက ပြောပါတယ်။
အိမ်နီးချင်း တရုတ်နိုင်ငံနဲ့ ဆက်ဆံရေး ကောင်းမွန်တာဟာ နှစ်ဘက် စလုံး အတွက် အကျိုး ရှိတယ်လို့လည်း ဦးဥာဏ်ဝင်းက ပြောပါတယ်။
BBC Burmese
http://www.bbc.com/burmese
0 comments:
Post a Comment