![]() |
| စစ်ကိုင်းတိုင်းဒေသကြီး ခန္တီးမြို့မှာ ကျင်းပတဲ့ မဲဆွယ်စည်းရုံးရေးဟာပြောပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ကို စက်တင်ဘာလ ၂၅ ရက်နေ့က တွေ့ရစဉ် Photo: Kyaw Zaw Win/RFA |
ခေါင်းဆောင်ဆိုတာ ဆင်းရဲဒုက္ခတွေကို ရှေ့ဆုံးကရင်ဆိုင်ပြီး အခွင့်အရေးကို နောက်ဆုံးမှ ယူသူတွေဖြစ်ကြောင်း၊ အုပ်ချုပ်တဲ့သူတွေက ချမ်းသာနေပြီး ပြည်သူအများက ဆင်းရဲငတ်မွတ်နေတယ်ဆိုတာ ခေါင်းဆောင်မကောင်း လို့ဖြစ်ကြောင်း NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောလိုက်ပါတယ်။
စစ်ကိုင်းတိုင်း ဟုမ္မလင်းမြို့ ထမံသီကျေးရွာမှာ ဒီနေ့ကျင်းပတဲ့ မဲဆွယ်ဟောပြောပွဲမှာ ဒေါ်အောင်းဆန်းစုကြည်က အခုလို ပြောကြားလိုက်တာပါ။
ဒါ့အပြင် အဲ့ဒီဟောပြောပွဲမှာ ကလေးသူငယ်တွေကို ငယ်စဉ်ကတည်းက နိုင်ငံရေးကို စိတ်ဝင်စားအောင် မိဘတွေက အားပေးကြပါလို့လည်း ဒေါ်အောင်းဆန်းစုကြည်က တိုက်တွန်းခဲ့ပါတယ်။
ဒေါ်အောင်းဆန်းစုကြည်ဟာ ဒီနေ့ မနက်ပိုင်းက ဟုမ္မလင်းကို ရောက်ရှိလာပြီး မနက်ဖြန်မနက်ပိုင်းမှာ ဟုမ္မလင်းမှာ ဟောပြောပွဲ ကျင်းပမှာဖြစ်ပါတယ်။
RFA Burmese
http://www.rfa.org/burmese

0 comments:
Post a Comment