နေ့တိုင်း ကျွဲရိုင်းဗူး ၂၈ ဗူး သောက်ပြီးနောက် အမျိုးသမီးတစ်ဦး သေဆုံး


နေတိုင်း Red Bull ဗူး ဒါဇင်နဲ့ ချီသောက်ပြီးနောက် အမြင်အာရုံကို စတင်ဆုံးရှုံးခဲ့တယ်လို့  အမျိုးသမီးတစ်ဦးက အခိုင်အမာပြောဆိုခဲ့ပါတယ်။
Lena Lupari ၂၆ နှစ်က ယင်းအားဖြည့်အချိုရည် (၇) လီတာ သောက်ရာကနေ အလေးချိန်တက်ပြီး ဦးနှောက်ကို ယောင်ကိုင်းစေခဲ့ပါတယ်။ ကလေး (၃) ယောက်အမေဖြစ်တဲ့သူက ခန္ဓာကိုယ်ထဲ နေစဉ် ကယ်လိုရီး ၃,၀၀၀ သွင်းယူနေခဲ့ပြီး ဇွန်လက သူမ လဲကျခဲ့တဲ့အချိန်ထိ သူမခန္ဓာကိုယ်အဖို့ အသက်အန္တရာယ်ကို သတိမပြုမိခဲ့ပါဘူး။
ကျွန်မ တစ်နေ့ကို Red Bull ၂၈ ဗူးသောက်လေ့ရှိပါတယ်။ ညဆိုရင် ထမင်းပဲစားတယ်။ ဒါပေမယ့် အဲဒါက ခေါက်ဆွဲခြောက်ထုပ်စတဲ့ fast-food အစားအစာတွေသာ ဖြစ်ပါတယ်။ ၅ နှစ်ခန့် ခေါင်းတစ်ခြမ်း ကိုက်တာတွေ၊ ခေါင်းကိုက်ရောဂါတွေ ခံစားခဲ့ရပေမယ့် လျစ်လျူရှူပြီး အကိုက်အခဲပျောက်ဆေးတွေကိုသာ သောက်ခဲ့တယ်လို့ သူမက ဆိုပါတယ်။
နောက်တော့ အမြင်အာရုံ ဆုံးရှုံးလာပြီး အိပ်ရာကနေ ခေါင်းမထောင်နိုင်ဖြစ်ကာ ဆေးရုံမှာ ၇ ရက်နေခဲ့တယ်။ ဦးခေါင်းမှ ဖိအားများလွန်းမှုကြောင့် ဦးနှောက်ယောင်ကိုင်းစေတဲ့ ရောဂါအခြေအနေတစ်ခုဖြစ်စေကြောင်း ဆရာဝန်များက ဖော်ပြပြောဆိုကြတယ်။
ရောဂါလက္ခဏာတွေထဲမှာ ခေါင်းတွေအပြင်းအထန်ကိုက်ခဲခြင်းနဲ့  ဦးနှောက်အာရုံကြောယောင်ရမ်းမှုကြောင့် အမြင်အာရုံပြောင်းလဲမှုတွေ ပါဝင်ပါတယ်။ အများဆုံးသောက်တဲ့အချိန်မှာ Lupari က နှစ်စဉ် အချိုရည်ဖိုး £6000 သုံးစွဲခဲ့တယ်။
ပုံမှန် Red Bull တစ်ဗူးမှာ ကဖီးဓာတ် ၈၀ မီလီဂရမ်ပါဝင်ပြီး နှလုံးခုန်နှုန်းမြန်ဆန်စေတယ်လို့ ဆိုပါတယ်။
Ref: telegraph.co.uk
Source:trend.com.mm
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment