ဒေါ်အောင်ဆန်းစုကြည်အား ရှုတ်ချထားသည့် စာများဖြန့်ဝေ





အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်အား ရှုတ်ချထားသည့် စာရွက်များအား မဟာအောင်မြေ မြို့နယ်အတွင်း၌ ပစ်စာသဘောမျိုး ဖြန့်ဝေမှုများ ရှိခဲ့သည့်အတွက် မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ထံ ကန့်ကွက်စာ ပို့ထားကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ထံမှ သိရသည်။ မဟာအောင်မြေမြို့နယ်၊ စိန်ပန်း ရပ်ကွက်တွင် ယခုလဆန်းပိုင်းက ဖြန့်ဝေခဲ့ခြင်း ဖြစ်ပြီး စာရွက်တွင် မည်သည့် အဖွဲ့အစည်း၊ အမှတ်သင်္ကေတ တစ်ခုမျှ ပါဝင်ခြင်း မရှိပေ။ “အမျိုးသမီးတစ်ဦးက အိမ်တွေ လိုက်ဝေတယ်လို့ သိရတယ်။ စိန်ပန်း ရပ်ကွက်ထဲမှာ ဝေသွားတာ။ စာရွက်ကို ယူလိုက်တဲ့ အိမ်တွေရှိသလို မယူဘဲ NLD ကို အကြောင်း ကြားတာတွေလည်း ရှိတယ်။ ဘယ်အဖွဲ့အစည်း၊ ဘယ်က လိုက်ဝေတာလည်း ဆိုတာတော့ ပြောဖို့ခက်တယ်။ စာမှာလည်း ဘာအမှတ်အသားမှ မပါဘူး”ဟု မဟာအောင်မြေ မြို့နယ်တွင် နေထိုင်သူ ကိုငြိမ်းချမ်းစိုးက ပြောသည်။

A4 အရွယ်အစားရှိ စာမျက်နှာ နှစ်မျက်နှာတွင် နိုင်ငံကို သူ့လက်ထဲ အပ်မလား၊ ကာကွယ်ကြမလား ခေါင်းစဉ်ဖြင့် ဂျာနယ်၊ သတင်းစာအချို့တွင် ဖော်ပြထားသော ဒေါ်အောင်ဆန်းစုကြည် ခရီးစဉ်များတွင် ဟောပြောခဲ့သော မိန့်ခွန်းများကို ကောက်နုတ်ပြီး ဘာသာခြား လူမျိုးများနှင့် ပတ်သက်၍ ဆောင်ရွက်ချက်များ အပေါ်တွင် သွေးထိုး လှုံ့ဆော်ရှုတ်ချထားသည့် အရေးအသားများ ရေးသားထားသည်။

“ဒီကိစ္စကို ပါတီအဖွဲ့ချုပ် ဗဟိုကိုလည်း တင်ပြထားပါတယ်။ ဒီထက်ဆိုးတာတွေ ဖြစ်လာမှာစိုးလို့ မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်ကိုလည်း ဒီကိစ္စကို ကန့်ကွက်စာ ပို့ထားပါတယ်။ကော်မရှင်ကတော့ ဒီအပေါ်မှာ ဘာမှအကြောင်း ပြန်တာမျိုးတော့ အခုထိမရှိသေးဘူး”ဟု မဟာအောင်မြေမြို့နယ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အလုပ်အမှုဆောင် အဖွဲ့ဝင်တစ်ဦးက ပြောသည်။

Source:messenger news journal
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment