ကိုယ်စားလှယ်လောင်း အကြောင်း တစ်အိမ်တက်ဆင်း ဦးဝီရသူ လိုက်ရှင်း





မန္တလေးတိုင်း အတွင်းရှိ လွှတ်တော် ကိုယ်စားလှယ်လောင်းများအား မဘသ (အထက်ဗမာပြည်) ဦးဆောင် ဆရာတော် ဦးဝီရသူ ဦးဆောင်၍ အင်တာဗျူး အစီအစဉ်မှာ စတင်နေပြီ ဖြစ်ပြီး၊ တစ်အိမ်တက်ဆင်း လိုက်လံ ရှင်းပြမှုလည်း စတင် နေပြီဖြစ်ကြာင်း အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေး အဖွဲ့ (အထက်ဗမာပြည်)ထံမှ သိရသည်။ ၂၀၁၅ ရွေးကောက်ပွဲတွင် ၀င်ရောက် ယှဉ်ပြိုင်ကြမည့် ပါတီစုံမှ လွှတ်တော် ကိုယ်စားလှယ်လောင်း များအား အင်တာဗျူးကာ ၎င်းတို့ ဖြေကြားခဲ့သည့် အတိုင်း လူမှုကွန်ရက်များ ပေါ်တွင်လည်း ဒေသခံ ပြည်သူများ ဆီသို့ Door to Door စနစ်ဖြင့် တစ်အိမ် တက်ဆင်း လိုက်လံရှင်းပြမည့် အစီအစဉ်အား စက်တင်ဘာလ (၁၀) ရက်နေ့မှ စတင်ကာ လုပ်ဆောင် နေပြီဖြစ်ကြောင်း မစိုးရိမ်တိုက်သစ် ဦးဆောင် ဆရာတော်ဖြစ်သူ ဦးဝီရသူက မိန့်ကြား ခဲ့ခြင်းဖြစ်သည်။

““အဓိက ကတော့ လွှတ်တော် ကိုယ်စား လှယ်လောင်းတွေရဲ့ နိုင်ငံရေး ခံယူချက်တွေ၊ နိုင်ငံရေး ရည်မှန်းချက်တွေ၊ ပြီးတော့ အမျိုးသားရေး ခံယူချက်တွေ၊ အမျိုးသားရေး ရည်မှန်းချက်တွေကို ပြည်သူလူထုတွေ သိရှိစေဖို့ ရည်ရွယ်တာပါ။ အခုလောလောဆယ် NDF ပါတီက ဒေါ်ခင်ဝိုင်းကြည်နဲ့ ရှေ့နေ မောင်မောင်ညို ကိုတော့ အင်တာဗျူး ပြီးစီးခဲ့ပါပြီ။ စာရင်းက လက်ထဲကို အခုမှ အတိအကျ ရတဲ့အတွက် ဒီနေ့မှစပြီး ဆက်လက် လုပ်ဆောင်သွားတော့ မှာပါ””ဟု ဆရာတော် ဦးဝီရသူက မိန့်ကြား သည်။

အဆိုပါ မဘသ ဆရာတော်၏ ဦးဆောင်မှုနှင့်အတူ အင်တာဗျူးဖောင်တွင် လွှတ်တော် ကိုယ်စားလှယ်လောင်းများ၏ ကိုယ်ရေးရာဇ၀င် အကျဉ်း၊ ပါတီသို့ စတင်ဝင်ရောက် ခဲ့ပုံနှင့် ပါတီတွင် တာဝန်အဆင့်ဆင့် ထမ်းဆောင်ခဲ့ပုံများ၊ နိုင်ငံခြား ရေးရာတွင်လည်း နိုင်ငံတကာနှင့် ဆက်ဆံမည့် လုပ်ငန်းစဉ် များ၊ ရိုဟင်ဂျာအရေး ပေါ်ပေါက်လာခဲ့ပါက ကိုင်တွယ်ရမည့် နည်းလမ်းများ၊ နိုင်ငံရေး အမြင်၊ အယူအဆများနှင့် အမျိုးသားရေးတွင်လည်း မဘသအပေါ် ဘယ်လိုခံယူချက်များ ယုံကြည်ချက်မျိုး ရှိပါသလဲ၊ မျိုးစောင့် ဥပဒေကိုရော ဘယ်လိုမြင်သနည်း၊ စသည်တို့ အပါအ၀င် ပြည်သူများ သိရှိရန် လိုအပ်သည့် အချက်အလက် အများစု ပါဝင်ကြောင်း မဘသ ဆရာတော်က မိန့်ကြား ထားသည်။

မန္တလေးတိုင်း အတွင်း၌ ၀င်ရောက် ယှဉ်ပြိုင်ကြမည့် ပြည်သူ့လွှတ်တော်၊ အမျိုးသား လွှတ်တော် ကိုယ်စားလှယ်များကိုသာ အဓိကထား အင်တာဗျူး သွားမည်ဖြစ်သည်။ မန္တလေးတိုင်း အတွင်း၌ပါတီ (၁၀) ခုကျော် ၀င်ရောက်ယှဉ် ပြိုင်သွားရန် ရှိနေသည်။

၂၀၁၅ ရွေးကောက်ပွဲကို လာမည့် နိုဝင်ဘာလ (၈) ရက်နေ့တွင် ကျင်းပသွားမည် ဖြစ်ပြီး ၀င်ရောက် ယှဉ်ပြိုင်မည့် လွှတ်တော် ကိုယ်စားလှယ်လောင်းများ အနေဖြင့် စက်တင်ဘာလ (၈) ရက် နေ့တွင်စတင်၍ မဲဆွယ် စည်းရုံးမှု ပြုလုပ်နေကြပြီ ဖြစ်သည်။
messenger news journal
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment