အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် စက်တင်ဘာလ ၂၇ ရက်နေ့ ယနေ့နံနက် ၈ နာရီက ဟုမ္မလင်းမြို့တည်းခိုရာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရုံးမှ ပရိယတ္တိစာသင်တိုက်တွင် သံဃာတော် အရှင်သူမြတ်တို့အား ၀ါဆိုသင်္ကန်း ဆက်ကပ် လှူဒါန်းခဲ့သည်။ ၎င်းနောက် ခိုပဲဝ ရပ်ကွက် ဘုရားဝင်းတွင် ဒေသခံပြည်သူများ ရွေးကောက်ပွဲဆိုင်ရာ ပညာပေး ဟောပြောပွဲ ပြုလုပ်ခဲ့ပြီး ပြည်သူများနှင့် မေးမြန်းမှုများကို ပြန်လည်ဖြေကြား ခဲ့သည်။
National League for Democracy
https://www.facebook.com/NLDParty





0 comments:
Post a Comment