ဝါရင့်ဟာသ လူရွှင်တော်တစ်ဦး ဖြစ်တဲ့ ဦးဧရာက လုပ်ငန်းခွင်ဆိုတာ တွဲဖက်ကောင်းရှိမှ ပိုအောင်မြင်မယ်၊ ပိုပေါက်မယ်လို့ ပြောပါတယ်။
“အခုခေတ်က လူရွှင်တော်ခေတ် ဆိုတော့ ကျွန်တော်တို့ထက် ပိုပြီး တစ်ယောက်စိတ် တစ်ယောက် နားလည်ပေးနိုင်မှ ရေရှည်မှာ အောင်မြင်တဲ့ လူရွှင်တော်အတွဲတွေ ဖြစ်မယ်။ ဘယ်လိုဘဲဖြစ်ဖြစ် အလုပ်ဆိုတဲ့အရာက တစ်ယောက်တည်း လုပ်လို့ရတဲ့ တစ်ဦးဆိုင်နာမ် မဟုတ်ဘူး။ အားလုံး စုစုစည်းစည်း လုပ်နိုင်မှ အောင်မြင်တဲ့ အနုပညာရှင်တွေ လူရွှင်တော်အတွဲတွေ ဖြစ်လာမယ်။ ကျွန်တော်တို့ မွေးထုတ် ပေးခဲ့တဲ့ ကလေးတွေကိုလည်း လူတစ်ယောက်နဲ့ တစ်ယောက်တော့ မတူတဲ့ အားနည်းချက်တွေကို သည်းခံပေးကြပါလို့ အမြဲဆုံးမတယ်။ နောက်ပြီး အကွဲအပြဲတွေ ဆိုတာကလည်း နှစ်ယောက်တွဲတွေဆို ငွေရေးကြေးရေးကြောင့်၊ သုံးလေးယောက် ဆိုရင်တော့ ငွေကြောင့်ထက် စိတ်နဲ့ ပတ်သက်တာတွေကြောင့် ကွဲကြတယ်”လို့ ပြောပြပါတယ်။ လက်ရှိမှာတော့ Vedio တွေ ဆက်တိုက် ရိုက်ကူးနေပေမယ့် သဘင်ပိုင်းမှာလည်း အချိန်ယူပြီး လုပ်ဖြစ်တယ်လို့ သိရပါတယ်။
Source:messengernewsjournal.com
0 comments:
Post a Comment