အရက်အတူ သောက်ပြီး စိန်ခေါ်ရာမှ လူသတ်မှုဖြစ်


        လှိုင်သာယာမြို့နယ်၊ ရန်ကုန်-ပုသိမ် လမ်းမပေါ်ရှိ  (၃၃၃) ကားဂိတ်အနီး ခိုက်ရန် ဖြစ်ပွားပြီး လူတစ်ဦး သေဆုံးသွားကြောင်း ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ မှုခင်း မှတ်တမ်းများအရ သိရသည်။

      ဖြစ်စဉ်မှာ ယမန်နေ့က လှိုင်သာယာ မြို့ နယ်နေ ကို......သည် ၎င်း၏ တူဖြစ်သူ ကို........(၁၈)နှစ်နှင့် ကို.......၏ နေအိမ်တွင် အရက်အတူ သောက်ပြီး စိန်ခေါ်ရာမှ နေအိမ်ရှင် ကို.......က အရှည်တစ်တောင်ခန့်ရှိ သစ်သားတုတ်ဖြင့် ရိုက်၍ ဒဏ်ရာရခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

      ကို.......အား လှိုင်သာယာ ဆေးရုံသို့ တင်ပို့ ခဲ့ရာ ကို........မှာ ဆေးရုံ မရောက်မီ သေဆုံးသွားသောကြောင့် လူအသက် သေဆုံးအောင် ရိုက်နှက်သူ အိမ်ရှင် ကို.....အား အရေးယူပေးရန် ဒုရဲအုပ် ၀င်းလွင်ထွန်းမှ တရားလို ပြုလုပ်တိုင်တန်း၍(ပ) ၆၀၀/ ၁၅၊ ပြစ်မှုပုဒ်မ ၃၀၂ဖြင့် အမှုဖွင့် စစ်ဆေးလျက်ရှိကြောင်း သိရသည်။

The Messenger Media
http://www.messengerdaily.com
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment